တရားဟောရာကျမ်း 27:24
အိမ်နီးချင်းကို မထင်မရှား ရိုက်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
1835 Judson Burmese Bible
In The King James Version
Cursed be he that smiteth his neighbour secretly. And all the people shall say, Amen.
In Context
Cross References
Exodus 20:13လူအသက်ကို မသတ်နှင့်။
Leviticus 24:17လူအသက်ကို သတ်သောသူသည်လည်း အသေသတ်ခြင်းကို အမှန်ခံရမည်။
Deuteronomy 19:11တနည်းကား၊ မိမိအဘော်ကို ရန်ငြိုးဖွဲ့သဖြင့် ချောင်းမြောင်း၍ သေအောင်တိုက်သောသူသည် ထိုမြို့ တစုံတမြို့သို့ ပြေး၍ ရောက်သော်လည်း၊
2 Samuel 3:27အာဗနာသည် ဟေဗြုန်မြို့သို့ရောက်သောအခါ၊ ယွာဘသည် သင့်အတင့်နှုတ်ဆက်ခြင်ငှါ၊ မြို့တံခါးနားသို့ ခေါ်ပြီးလျှင်၊ ညီအာသဟေလ သေသည်အတွက် သူ၏ ဝမ်းကိုထိုး၍ သူသည်လည်း သေ၏။
2 Samuel 12:9သင်သည်ထာဝရဘုရား၏ ပညတ်တရားတော်ကို မထီမဲ့မြင်ပြု၍ ရှေ့တော်၌ဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်း။ ဟိတ္တိလူ၊ ဥရိယ၏အသက်ကို ထားဖြင့်သတ်၍ သူ၏မယားကို သိမ်းလေပြီတကား။ ထိုသူကို အမ္မုန်အမျိုးသား ထားနှင့်သတ်လေပြီတကား။
2 Samuel 20:9ယွာဘကလည်း၊ မာ၏လားငါ့ညီဟု အာမသကို မေး၍ နမ်းဟန်ဆောင်လျက် လက်ျာလက်နှင့် အာမသ ၏မုတ်ဆိတ်ကို ကိုင်၏။