တရားဟောရာကျမ်း 29:18
ငါတို့ဘုရားသခင် ထာဝရဘုရားထံတော်မှ လွှဲရှောင်ချင်သော သဘောရှိလျက်၊ ထိုလူမျိုးတို့၏ ဘုရား များထံသို့ သွား၍ ဝတ်ပြုသောယောက်ျား၊ မိန်းမ၊ အဆွေ အမျိုးတစုံတယောက်သည် သင်တို့တွင် ပါမည်ဟူ၍၎င်း၊ ခါးစွာသောအသီး၊ ဒေါနကို သီးတတ်သော အပင်မြစ် သည် သင်တို့တွင် ပေါက်မည်ဟူ၍၎င်း၊
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Deuteronomy 13:1သင်တို့တွင် ပရောဖက်ပြုသောသူ၊ အိပ်မက်ကို မြင်သောသူသည် ပေါ်လာ၍၊
Psalms 10:13မတရားသောသူသည် ဘုရားသခင်ကို အဘယ် ကြောင့် မထီမဲ့မြင်ပြုရပါအံ့နည်း။ ကိုယ်တော်သည် စစ်တော်မမူဟု အဘယ်ကြောင့် အောက်မေ့ရပါအံ့နည်း။
Jeremiah 23:17ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို မထီမဲ့မြင် ပြုသော သူတို့အား၊ သင်တို့သည် ငြိမ်ဝပ်ခြင်းရှိကြ လိမ့်မည်ဟု ဟောတတ်ကြ၏။ မိမိတို့စိတ်နှလုံးခိုင်မာခြင်း သဘောသို့လိုက်သော သူတို့အား၊ သင်တို့သည် ဘေးဥပဒ် နှင့် မတွေ့ရကြဟု ဟောတတ်ကြ၏။
Amos 6:12မြင်းသည် ကျောက်ပေါ်မှာ ပြေးတတ်သလော။ လူသည် ကျောက်ပေါ်မှာ နွားနှင့် ထွန်တတ်သလော။ သင်တို့သည် တရားသဖြင့် စီရင်ခြင်းကို ခါးစွာသော သစ်ရွက်ဖြစ်စေခြင်းငှါ၎င်း၊ ဖြောင့်မတ်ခြင်းကို ဒေါနရွက် ဖြစ်စေခြင်းငှါ၎င်း ပြုကြသည်တကား။
Hebrews 3:12ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ထံတော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သော စိတ်နှလုံးမရှိစေခြင်းငှါ သတိပြုကြလော့။