bible.software › တရားဟောရာကျမ်း › တရားဟောရာကျမ်း 3 › တရားဟောရာကျမ်း 3:13
တရားဟောရာကျမ်း 3:13
ဂိလဒ်တောင်တဝက်နှင့် ဩဃမင်းအစိုးရသော နိုင်ငံအဝင်၊ အလွန်ကြီးမားသော လူမျိုးနေရာဟူ၍ ခေါ်ဝေါ်သော အာဂေါဘတိုင်း၊ ဗာရှန်ပြည်တပြည် လုံးကို မနာရှေအမျိုးသားတဝက်အား ငါပေး၏။
1835 Judson Burmese Bible
In The King James Version
And the rest of Gilead, and all Bashan, being the kingdom of Og, gave I unto the half tribe of Manasseh; all the region of Argob, with all Bashan, which was called the land of giants.
In Context
12ထိုအခါ ငါတို့သိမ်းယူသောမြေကို၊ အာနုန်မြစ် နားတွင်ရှိသော အာရော်မြို့မှစ၍ ဂိလဒ်တောင် တဝက် တိုင်အောင်၊ မြို့များနှင့်တကွ ရုဗင်အမျိုးသား၊ ဂဒ်အမျိုး သားတို့အား ငါပေး၏။
14မနာရှေအမျိုးသား ယာဣရသည်၊ အာဂေါဘ တိုင်း တတိုင်းလုံးကို ဂေရှုရရွာ၊ မာခါရွာအထိ သိမ်းယူ ပြီးမှ၊ ယနေ့တိုင်အောင် မိမိအမည်ကို လိုက်၍ ဗာရှန် ဟာဝုတ်ယာဣရပြည်ဟု သမုတ်လေ၏။
Read all of တရားဟောရာကျမ်း 3
Cross References
Deuteronomy 29:7သင်တို့သည် ဤအရပ်သို့ ရောက်သောအခါ၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်၊ ဗာရှန်ရှင်ဘုရင်ဩဃတို့သည် ငါတို့ကို စစ်တိုက်ခြင်းငှာ ထွက်လာသဖြင့်၊ ငါတို့သည် သူတို့ကို လုပ်ကြံ၍၊
2 Kings 10:33ဟာဇေလသည် ယော်ဒန်မြစ်အရှေ့ဘက်၊ ဂဒ်အမျိုး၊ ရုဗင်အမျိုး၊ မနာရှေအမျိုးနေရာ၊ အာနုန်မြစ် နား၌ရှိသော အာရော်မြို့မှစ၍ ဂိလဒ်ပြည်၊ ဗာရှန်ပြည် တရှောက်လုံး အရပ်ရပ်တို့ကို လုပ်ကြံလေ၏။
This Verse In Other Editions
Study တရားဟောရာကျမ်း 3:13