တရားဟောရာကျမ်း 31:12
ယောက်ျား၊ မိန်းမ၊ သူငယ်များ၊ တည်းခိုသော တပါးအမျိုးသားများတို့သည် ကြား၍ နားလည်သဖြင့်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊ ဤပညတ်တရားစကားအလုံးစုံတို့ကို စောင့်ရှောက်စေ ခြင်းငှာ ပရိသတ်တို့ကို စုဝေးစေကြလော့။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Deuteronomy 4:10ထိုအခါ ထာဝရဘုရားက၊ လူများတို့ကို ငါ့ထံမှာ စုဝေးစေလော့။ သူတို့သည် မြေကြီးပေါ်မှာ အသက်ရှင် သမျှသော ကာလပတ်လုံး ငါ့ကို ကြောက်ရွံ့၍ သားမြေး တို့အား သွန်သင်စေခြင်းငှာ။ ငါ့စကားကို ကြားစေမည်ဟု ငါ့အား မိန့်တော်မူသည်အတိုင်း၊
Deuteronomy 29:9သို့ဖြစ်၍ သင်တို့ ပြုလေရာရာ၌ အောင်နိုင်မည် အကြောင်း ဤပဋိညာဉ် စကားတို့ကို စောင့်ရှောက်၍ ကျင့်ကြလော့။
Joshua 8:33ဣသရေလအမျိုးသားတို့ကို ကောင်းကြီးပေး ခြင်း အလိုငှါ၊ ထာဝရဘုရား၏ကျွန် မောရှေမှာထားခဲ့ သည်အတိုင်း၊ ဣသရေလအမျိုး အသက်ကြီး၊ ဗိုလ်မင်း၊ တရားသူကြီး အမျိုးသားအပေါင်းတို့သည်၊ ယဇ်ပုရော ဟိတ် လေဝိသားထမ်းသော ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာနှစ်ဘက်၌ ရပ်၍၊ အမျိုးသားစစ်နှင့် တကျွန်းနိုင် ငံသားပါလျက်၊ ဂေရဇိမ်တောင်ပေါ်မှာ လူတဝက်၊ ဧဗလ တောင်ပေါ်မှာ တဝက်တို့သည် နေကြလျှင်၊
Ezra 10:1ထိုသို့ဧဇရသည် ဘုရားသခင်၏ အိမ်တော်ရှေ့ မှာ ပြပ်ဝပ်လျက်၊ မျက်ရည်ကျလျက် တောင်းပန်၍ ပဌနာပြုသောအခါ၊ အလွန်များစွာသော ပရိသတ်၊ ဣသရေလအမျိုး ယောက်ျား၊ မိန်းမ၊ သူငယ်တို့သည် ဧဇရထံမှာ စည်းဝေး၍ အလွန်ငိုကြွေးကြ၏။
Psalms 34:11အချင်းသူငယ်တို့လာကြလော့။ ငါ့စကားကို နားထောင်ကြလော့။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်း တရားကို သင်တို့အား ငါသွန်သင်မည်။
2 Timothy 3:15ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလိုငှါ ပညာကိုပေးနိုင်သော ဓမ္မကျမ်းစာကို ငယ် သောအရွယ်မှစ၍ လေ့ကျက် သည်ကို၎င်း သိမှတ်သည်နှင့်၊ အထက်ကသင်၍ နှလုံးသွင်းမိသော အယူဝါဒ၌ တည်နေလော့။