တရားဟောရာကျမ်း 33:3
အကယ်စင်စစ် ထိုလူမျိုးကို ချစ်တော်မူ၏။ မိမိ သန့်ရှင်းသူအပေါင်းတို့သည် အထံတော်ပါးတွင် ရှိကြ၏။ သူတို့သည် ခြေတော်ရင်း၌ ပြပ်ဝပ်၍ စကားတော်တို့ကို နားခံကြလေ၏။
1835 Judson Burmese Bible
In The King James Version
In Context
4ယာကုပ်အမျိုး ပရိသတ်အမွေခံရသော ဓမ္မ တရားကို မောရှေသည် ငါတို့အားထား၏။
Cross References
Deuteronomy 7:6အကြောင်းမူကား၊ သင်သည် သင်၏ ဘုရား သခင် ထာဝရဘုရားအဘို့ သန့်ရှင်းသောအမျိုး ဖြစ်၏။ မြေကြီးပေါ်မှာ ရှိသမျှသော လူမျိုးထက် သင်၏ဘုရား သခင် ထာဝရဘုရားပိုင်ထိုက်သော အမျိုးဖြစ်စေခြင်းငှာ သင့်ကို ရွေးချယ်တော်မူပြီ။
Deuteronomy 14:2သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားအဘို့၊ သန့်ရှင်းသောလူမျိုး ဖြစ်ကြ၏။ ထာဝရ ဘုရားသည် မြေကြီးပေါ်မှာရှိသမျှသော လူမျိုးထက်၊ ကိုယ်တော် ပိုင်ထိုက်သော အမျိုးဖြစ်စေခြင်းငှာ သင်တို့ကို ရွေးချယ်တော်မူပြီ။
Psalms 31:15အကျွန်ုပ်၌ဖြစ်လေသမျှသော အမှုအရာတို့ကို ကိုယ်တော်စီရင်ပိုင်တော်မူ၏။ ရန်သူတို့နှင့် ညှဉ်းဆဲတတ် သောသူတို့ လက်မှအကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။
Psalms 50:5ယဇ်ပူဇော်သောအားဖြင့်၊ ငါနှင့်ပဋိညာဉ် ဖွဲ့သော ငါ၏သန့်ရှင်းသူတို့ကို ငါ့ထံသို့စုဝေးစေကြဟု မိန့်တော်မူ၏။
Proverbs 2:1ငါ့သား၊ သင်သည်ပညာစကားကို နားထောင်၍၊
Jeremiah 31:3ထာဝရဘုရားသည် အဝေးက ထင်ရှား၍ မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌ကြာမြင့်စွာပြ၏။