တရားဟောရာကျမ်း 9:13
တဖန် ထာဝရဘုရားက၊ ဤလူမျိုးကို ငါကြည့် မြင်ပြီ။ လည်ပင်းခိုင်မာသော အမျိုးဖြစ်၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 18:21ယခုငါသွား၍ ငါ့ရှေ့သို့ရောက်ခဲ့ပြီးသော ကြွေး ကြော်ခြင်းရှိသည်အတိုင်း၊ သူတို့သည် အမှန်ပြုသည် မပြုသည်ကို ငါကြည့်ရှုမည်။ မပြုလျှင် မပြုကြောင်းကို ငါသိမည် ဟု မိန့်တော်မူ၏။
Deuteronomy 9:6သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရား သည် သင်၏ကုသိုလ်ကြောင့်၊ ထိုကောင်းမွန်သော ပြည် ကို ပေးတော်မူသည်မဟုတ်။ သင်သည် လည်ပင်းခိုင်မာ သော အမျိုးဖြစ်၏။
Deuteronomy 31:27သင်တို့အမျိုးသည် ပုန်ကန်တတ်သော သဘော၊ ခိုင်မာသောသဘော ရှိကြောင်းကို ငါသိ၏။ ငါအသက် ရှင်၍၊ သင်တို့တွင် နေစဉ်အခါ၊ ယနေ့ပင် သင်တို့သည် ထာဝရဘုရားကို ပုန်ကန်ကြပြီ။ ငါသေသောနောက် ထိုမျှ မကပြုကြလိမ့်မည်။
Psalms 50:7ငါ၏လူများတို့နားထောင်ကြ။ ငါပြောမည်။ အိုဣသရေလအမျိုး၊ သင့်တဘက်၌ငါသက်သေခံမည်။ ငါသည်ဘုရားသခင်ဖြစ်၏။ သင်၏ဘုရားသခင်ဖြစ်၏။
Jeremiah 13:27သင်၏ မျောက်မထားခြင်း၊ ဟီမြည်ခြင်း၊ မတရားသော မေထုန် ၏ညစ်ညူးခြင်း၊ တောင်ပေါ်၌၎င်း၊ လယ်ပြင်၌၎င်းပြုသော စက်ဆုပ်ရွံရှာဘွယ်တို့ကို ငါ သိမြင်၏။ အိုယေရုရှလင်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ သန့်ရှင်းခြင်းသို့ မရောက်ဘဲ အဘယ်မျှကာလပတ်လုံး နေလိမ့်မည်နည်းဟု ထာဝရဘုရား မိန့်တော်မူ၏။
Malachi 3:5သင်တို့ကို စစ်ကြောစီရင်ခြင်းငှါ ငါချဉ်းမည်။ ပြုစားတတ်သောသူ၊ သူ့မယားကို ပြစ်မှားသောသူ၊ မမှန် သော ကျိန်ဆိုခြင်းကို ပြုသောသူ၊ သူငှါးကို အခမပေး ညှဉ်းဆဲသောသူ၊ မိဘမရှိသောသူငယ်နှင့် မုတ်ဆိုးမကို ညှဉ်းဆဲသောသူ၊ ဧည့်သည်ကို မတရားသဖြင့် စီရင်သော သူ၊ ငါ့ကိုမကြောက်ရွံ့သောသူတို့တဘက်၌ ငါသည် လျင် မြန်သော သက်သေဖြစ်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူ၏။