Ecclesiastes 2:23
သူ၏နေ့ရက်အပေါင်းတို့သည် ဝမ်းနည်းခြင်း၊ သူ၏အလုပ်အကိုင်လည်း ငြိုငြင်ခြင်းဖြစ်၏။ ညဉ့်အခါ၌ ပင် သူ၏စိတ်နှလုံး မငြိမ်ရ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
1835 Judson Burmese Bible
In The King James Version
In Context
22လူသည်နေအောက်မှာ ကြိုးစားအားထုတ်သော အမှု အလွန်စိတ်စွဲလမ်းသောအမှု၊ အလုံစုံတို့၌ အဘယ် အကျိုးရှိသနည်း။
Cross References
Esther 6:1ထိုနေ့ညမှာ ရှင်ဘုရင်သည် စက်တော်ခေါ်၍ မပျော်နိုင်သောကြောင့်၊ နန်းတော်မှတ်စာကို ယူခဲ့ဟု မိန့်တော်မူ၍ ရှေ့တော်၌ ဘတ်ရကြ၏။
Job 7:13ငါသည်အိပ်၍ သက်သာမည်။ ငါ့ခုတင်သည် ချမ်းသာပေးမည်ဟု ငါဆိုလျှင်၊
Psalms 6:6အကျွန်ုပ်သည် ညည်းတွား၍ ပင်ပန်းလှပါ၏။ အကျွန်ုပ်ခုတင်ကို ကိုယ်မျက်ရည်၌ တညဉ့်လုံးမျှော၍၊ အိပ်ရာကိုလည်း မွန်းစေပါ၏။
Psalms 77:2ဘေးရောက်သည်ကာလ၌ ငါသည် ထာဝရ ဘုရားကို ရှာရ၏။ ညဉ့်အချိန်၌ ပင်လက်ကို ဆန့်လျက် နေရ၏။ ငါ့ဝိညာဉ်သည် သက်သာခြင်းကို ငြင်းပယ်၏။
Psalms 90:15အကျွန်ုပ်တို့ကို ညှဉ်းဆဲတော်မူသော နေ့ရက် ကာလ၊ ဒုက္ခခံရခဲ့ပြီးသော နှစ်ပေါင်းများသည်အတိုင်း၊ ဝမ်းမြောက်ရသော အခွင့်ကို ပေးသနားတော်မူပါ။
Ecclesiastes 1:18အကြောင်းမူကား၊ ပညာများလျှင်၊ ငြိုငြင်စရာ အကြောင်းများ၏။ သိပ္ပံအတတ် တိုးပွားသောသူသည် ဝမ်းနည်းခြင်း တိုးပွားတတ်၏။