Ecclesiastes 2:7
ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကိုသိမ်းယူ၍၊ ကျွန်သားပေါက်များလည်းရှိကြ၏။ ငါ့အရင်၊ ယေရုရှလင် မြို့၌ဖြစ်ဘူးသော သူအပေါင်းတို့ထက်၊ ငါသည် တိရစ္ဆာန် အကြီးအငယ်တို့နှင့် အလွန်ရတတ်၏။
1835 Judson Burmese Bible
In The King James Version
In Context
6သစ်ပင်မျိုးနှင့် ပြည့်စုံသောတောကို ရေလောင်း စရာဘို့ ရေကန်တို့ကိုလည်း လုပ်၏။
Cross References
Genesis 13:2ထိုအခါ အာဗြံသည်၊ သိုး၊ နွားစသည်တို့ကို၎င်း၊ ရွှေငွေကို၎င်း အလွန်ရတတ်၏။
Genesis 15:3တဖန်အာဗြံက အကျွန်ုပ်အား အမျိုးအနွယ်ကို ပေးတော်မမူပါ။ အကျွန်ုပ်၏ အိမ်၌ ဘွားသောသူသည် အကျွန်ုပ်၏ အမွေခံဖြစ်ရပါသည်တကားဟု လျှောက်ဆို၏။
1 Kings 4:23ဆူဖြိုးအောင်ကျွေးသောနွားတဆယ်၊ ကျက်စား ရာထဲက နွားနှစ်ဆယ်၊ ဆတ်သမင်ဒရယ်အမျိုးမျိုးကို မဆိုဘဲသိုးတရာ၊ ဆူဖြိုးအောင် ကျွေးသောငှက်မျိုး တည်း။
2 Kings 3:4မောဘမင်းကြီး မေရှာသည် သိုးထိန်းကြီး ဖြစ်၍၊ ဣသရေလရှင်ဘုရင်အား သိုးသငယ်တသိန်းနှင့် အမွေး ပါသော သိုးထီးတသိန်းကို ဆက်ရ၏။
1 Chronicles 27:31ဟာဂရိအမျိုးသားခယာဇဇ်သည် သိုးတို့ကို၎င်း အုပ်ရ၏။ ဤသူတို့သည် ဒါဝိဒ်မင်းကြီး၏ ဥစ္စာဘဏ္ဍာ တော်ကိုအုပ်ရသော သူပေတည်း။
2 Chronicles 32:27ဟေဇကိသည် များစွာသော စည်းစိမ်ဥစ္စာ ဂုဏ် အသရေရှိ ၏။ ရွှေ၊ ငွေ၊ ကျောက်မြတ်၊ နံ့သာမျိုး၊ ဒိုင်းလွှား၊ နှမြောဘွယ်သော တန်ဆာ သိုထားရာဘဏ္ဍာ တိုက်များကို တည်လေ၏။