Ecclesiastes 5:13
စည်းစိမ်ရှင်သည် ကိုယ်အကျိုးပျက်သည်တိုင် အောင်၊ စည်းစိမ်ကိုသိုထားခြင်းတည်းဟူသော၊ နေ အောက်၌ အလွန်ဆိုးသောအမှုအရာကို ငါမြင်ပြီ။
1835 Judson Burmese Bible
In The King James Version
In Context
14ထိုစည်းစိမ်သည် မကောင်းသောအမှုအားဖြင့် ပျောက်ပျက်တတ်၏။ စည်းစိမ်ရှင်မြင်သော သားသည် လည်း လက်ချည်းနေရ၏။
Cross References
Genesis 13:5အာဗြံနှင့်အတူ လိုက်လာသော လောတသည်လည်း သိုး၊ နွားများနှင့် တဲအများရှိသဖြင့်၊
Genesis 19:14လောတထွက်၍ သမီးနှင့်စုံဘက်သောသူ၊ မိမိ သမက်တို့အား ထကြ၊ ဤအရပ်မှ ထွက်သွားကြ၊ ဤမြို့ကို ထာဝရဘုရား ဖျက်ဆီးတော်မူမည်ဟုဆိုသော်လည်း၊ ကျီးစားဟန်သည်ဟု သမက်တို့ ထင်ကြ၏။
Genesis 19:31သမီးအကြီးက၊ ငါတို့အဘ အိုပြီး မြေကြီးသား အပေါင်းတို့၏ ဘာသာအတိုင်း ငါတို့ထံသို့ ဝင်ရသော ယောက်ျားတယောက်မျှ မြေပေါ်မှာ မရှိ။
Proverbs 1:19မတရားသောစီးပွါးကို ရှာသောသူအပေါင်းတို့သည် ထိုသို့သော အကျိုးကိုခံရ၍၊ ထိုစီးပွါးသည် မိမိ အရှင်၏အသက်ကို သတ်တတ်၏။
Proverbs 11:4အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ် ဥစ္စာသည် အကျိုးမပေးနိုင်။ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှကယ်တင်တတ်၏။
Proverbs 23:4ငွေရတတ် ခြင်းငှါ မကြိုးစားနှင့်။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။