Ecclesiastes 6:2
အလိုဆန္ဒရှိသမျှပြေလောက်အောင် စည်းစိမ် ဥစ္စာဂုဏ်အသရေကို ဘုရားသခင်ပေးသော်လည်း၊ ခံစား ရသောအခွင့်ကို ပေးတော်မမူသောကြောင့်၊ ကိုယ်တိုင် မခံစားရ။ မဆိုင်သော သူတပါးဝင်၍ ခံစားရသောအမှု သည် အနတ္တအမှု၊ ဆိုးသောအမှု ဖြစ်၏။
1835 Judson Burmese Bible
In The King James Version
In Context
1လူတို့တွင် အတွေ့များ၍၊ နေအောက်၌ ငါမြင်ရ သော အမှုဆိုးဟူမူကား၊
Cross References
Deuteronomy 28:33သင် မသိမကျွမ်းသောလူမျိုးသည် သင့်နေရာ ပြည်၏ အသီးအနှံကို၎င်း၊ သင်လုပ်ဆောင်၍ရသော ဥစ္စာကို၎င်း စားလိမ့်မည်။ သင်သည် ညှဉ်းဆဲနှိပ်စက် ခြင်းကိုသာ အစဉ်မပြတ် ခံရလိမ့်မည်။
Judges 18:10သွားလျှင် သတိမရှိသောလူမျိုးနျင့် ကျယ်ဝန်းသော ပြည်ကို တွေ့ကြလိမ့်မည်။ ဘုရားသခင်သည် သင်တို့လက်၌ အပ်တော်မူမည်။ ထိုပြည်၌ မြေကြီးဥစ္စာ စုံလင်လျက်ရှိသည်ဟု ပြောဆိုကြ၏။
1 Chronicles 29:25ထာဝရဘုရားသည် ဣသရေလအမျိုးသား အပေါင်းတို့ရှေ့မှာ ရှောလမုန်ကိုအလွန်ချီးမြှောက်၍ ဣသရေလရှင်ဘုရင်တယောက်မျှ မခံစဖူးသော ဘုန်း အာနုဘော်တော်ကို ပေးသနားတော်မူ၏။
2 Chronicles 1:11ဘုရားသခင်ကလည်း၊ သင်သည် ထိုသို့အောက် မေ့၍ စည်းစိမ်ဥစ္စာဂုဏ်အသရေကို မတောင်း၊ ရန်သူ တို့၏ အသက်ကိုလည်း မတောင်း၊ တာရှည်သော အသက် ကိုလည်းမတောင်း၊ ငါခန့်ထား၍ သင်အစိုးရသော ငါ၏ လူမျိုးကို တရားစီရင်ခြင်းငှါ တတ်နိုင်သော ဉာဏ်ပညာ ကိုသာ ကိုယ်အဘို့ တောင်းသောကြောင့်၊
Psalms 17:14အိုထာဝရဘုရား၊ လောကီသားဖြစ်သော ထိုလူ တို့လက်မှ အကျွန်ုပ်အသက်ကို လက်တော်ဖြင့် ကယ်လွှတ် တော်မူပါ။ ထိုသူတို့သည် ယခုဘဝမှာ မိမိတို့အဘို့ကို ခံရကြပါ၏။ သူတို့အလိုကို ဘဏ္ဍာတော်နှင့် ပြည့်စုံစေ တော်မူ၏။ သူတို့သားသမီးတို့သည်လည်း ကြွယ်ဝ၍၊ မြေးမြစ်စသည်တို့၌ မိမိတို့ဥစ္စာကို ချန်ထားကြပါ၏။
Psalms 73:7ဆူဝသောကြောင့် မျက်နှာမော်လျက်ရှိကြ၏။ စိတ်နှလုံးကြံစည်ခြင်းအားဖြင့် လွန်ကျူးတတ်ကြ၏။