Ecclesiastes 7:21
သူတပါးပြောသမျှသော စကားတို့ကို မမှတ်နှင့်။ သို့ပြု လျှင်၊ ကိုယ်ကျွန်ကျိန်ဆဲသောစကားကို ကြားလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
Also take no heed unto all words that are spoken; lest thou hear thy servant curse thee:
In Context
20အပြစ်မပါဘဲ ကောင်းသောအကျင့်ကို ကျင့် သော သူတော်ကောင်းတစုံတယောက်မျှ မြေကြီးပေါ်မှာ မရှိ။
22သင်သည်ကိုယ်တိုင် သူတပါးတို့ကိုအဖန်ဖန် ကျိန်ဆဲ ကြောင်းကို၊ ကိုယ်စိတ်နှလုံးထဲမှာသိ၏။
Cross References
1 Samuel 10:27အဓမ္မလူတို့က၊ ဤသူသည် ငါတို့ကို အဘယ်သို့ ကယ်တင်လိမ့်မည်နည်းဟု ဆိုလျက်၊ လက်ဆောင်ကို မဆက်ဘဲ မထီမဲ့မြင်ပြုသော်လည်း၊ ရှောလုသည် အမှုမထားဘဲနေ၏။
2 Samuel 19:19ကျွန်တော်အရှင်သည် ကျွန်တော်ကို အပြစ် ပေးတော်မမူပါနှင့်။ အရှင်မင်းကြီးသည် ယေရုရှလင်မြို့မှ ထွက်တော်မူသောနေ့၌ ကိုယ်တော်ကျွန်သည် လွန်ကျူး စွာ ပြုမိသောအမှုကို မှတ်တော်မမူပါနှင့်။ နှလုံးသွင်း တော်မမူပါနှင့်။
Isaiah 29:21တရားတွေ့၍ ဆင်းရဲသောတို့ အပြစ်ရောက်စေ သောသူ၊ မြို့တံခါးဝမှာ အမှုသည်ကို ကျော့မိစေခြင်းငှါ ပြုသောသူ၊ အပြစ်မရှိသောသူကို မတရားသဖြင့် ရှုံးစေ သောသူ အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းရ၏။