Esther 10
1ရှင်ဘုရင် အာရွှေရုသည်မြေကြီးပေါ်၌၎င်း၊ ပင်လယ်တွင်ရှိသောကျွန်းတို့ပေါ်၌၎င်း၊ ငွေတော်ခွဲ ကြောင်း အစရှိသော၊
2အာဏာတန်ခိုးတော်နှင့် စီရင်သမျှသော အမှုအရာများနှင့်တကွ၊ ချီးမြှောက်တော်မူခြင်းကို ခံရသော မော်ဒကဲ၏ ဘုန်းတန်ခိုး၊ ထင်ရှားသော အခြင်းအရာတို့သည် မေဒိ၊ ပေရသိရာဇဝင်တို့၌ ရေးထားလျက် ရှိ၏။
3ယုဒအမျိုးသား မော်ဒကဲသည် ရှင်ဘုရင် အာရွှေရုအောက်၌ အမြတ်ဆုံးသော အရာကိုရ၍ ယုဒလူ တို့တွင် ဘုန်းကြီး၏။ မိမိအမျိုး၏ အကျိုးစီးပွားကို ပြုစုလျက်၊ အမျိုးသားချင်းအပေါင်းတို့အား မင်္ဂလာစကားကို သာပြောလျက်၊ မိမိအမျိုးသားချင်းအပေါင်းတို့တွင် မျက်နှာရသောသူ ဖြစ်သတည်း။ ဧသတာဝတ္ထုပြီး၏
Study Esther 10
KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)