Esther 2:7
ထိုသူသည် အထွေးသမီး ဟဒဿတည်းဟူ သော ဧသတာကို မွေးမြူ၏။ ထိုသတို့သမီးသည် မိဘမရှိ၊ ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်း လှ၏။ မိဘ သေသောအခါ၊ မော်ဒကဲသည် ယူ၍ ကိုယ်သမီးကဲ့သို့ မှတ်သတည်း။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Esther 1:11ခုနစ်ရက်မြောက်သော နေ့၌ ရှင်ဘုရင်သည် စပျစ်ရည် သောက်၍ ရွှင်လန်းသော စိတ်ရှိသောအခါ၊ ဖိဖုရား အဆင်းလှခြင်း အသရေကို မင်းများနှင့် လူများတို့အား ပြလိုသောငှါ၊ မိဖုရားဝါရှတိကို ရာဇသရဖူဆောင်းစေ၍၊ အထံတော်သို့ ဆောင်ခဲ့ရမည်အကြောင်း၊ မဟုမန်၊ ဗိဇသ၊ ဟာဗောန၊ ဗိဂသ၊ အဗာဂသ၊ ဇေသာ၊ ကာကတ် တည်းဟူသော အမှုတော်ထမ်း မိန်းမစိုးခုနစ်ယောက် တို့ကို မိန့်တော်မူ၏။
Esther 8:1ထိုနေ့ခြင်းတွင်၊ ရှင်ဘုရင်အာရွှေရုသည် ယုဒ အမျိုး၏ ရန်သူဟာမန်အိမ်ကို မိဖုရားဧသတာအား ပေးတော်မူ၏။ ဧသတာသည် မော်ဒကဲနှင့် အဘယ်သို့ ပေါင်ဘော်တော်သည်ကို ဧသတာလျှောက်သဖြင့်၊ မော်ဒကဲသည် ရှင်ဘုရင်ထံတော်သို့ဝင်ရ၏။
Job 31:18ဆင်းရဲသားသည် အဘထံမှာ နေသကဲ့သို့၊ ငါ့အသက်ငယ်စဉ်ကာလမှစ၍ ငါနှင့်အတူ ကျွေးမွေးခြင်း ကို ခံပြီ။ ငါသည် ဘွားမြင်သော နေ့မှစ၍ မုတ်ဆိုးမကို မစပြီ။
Daniel 1:6ထိုသူတို့တွင် ယုဒအမျိုးသားဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့သည် ပါကြ၏။
Ephesians 6:4အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့်။ သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမ သွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့။