Esther 4:11
ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ရှင်ဘုရင် ခေါ်တော်မမူဘဲ အတွင်းတန်တိုင်း၊ ရှင်ဘုရင်ထံတော်သို့ ဝင်မိသောသူသည် အသက်ချမ်းသာရမည်အကြောင်း၊ ရွှေရာဇလှံတံကို ကမ်းတော်မမူလျှင်၊ အမှန်သေရမည် အကြောင်း အမိန့်တော်ရှိသည်ကို၊ ရှင်ဘုရင်၏ ကျွန်တော် မျိုးများနှင့် နိုင်ငံတော်ပြည်သူပြည်သားများအပေါင်းတို့ သည် သိကြ၏။ အကျွန်ုပ်ကိုကား အရက်သုံးဆယ်ပတ်လုံး၊ ရှင်ဘုရင်ထံတော်သို့ ခေါ်တော်မမူဟု၊
1835 Judson Burmese Bible
In The King James Version
In Context
10တဖန်ဧသတာသည် ဟာတက်အားဖြင့်၊ မော်ဒကဲကို မှာလိုက်သည်ကား၊
12ဧသတာစကားကို မော်ဒကဲအား ပြန်ပြောသော အခါ၊ မော်ဒကဲက၊ အခြားသော ယုဒလူ အသက်မလွတ် လျှင်၊
Cross References
Esther 1:19ဝါရှတိသည် အရှင်မင်းကြီး အာရွှေရုထံတော်သို့ နောက်တဖန် မဝင်စေခြင်းငှါ အလိုတော်ရှိလျှင် မဝင်စေ နှင့်ဟု မိန့်တော်မူပါ။ မပြောင်းလဲနိုင်သော အမိန့်တော် ရှိစေခြင်းငှါ ပေရသိ၊ မေဒိဓမ္မသတ်၌သွင်း၍ ရေးစေ တော်မူပါ။ ဝါရှတိထက် ကောင်းသော မိန်းမကိုလည်း မိဖုရားအရာ၌ ချီးမြှောက်တော်မူပါ။
Esther 5:1သုံးရက်မြောက်သောနေ့၌၊ ဧသတာသည် မိဖုရားအဝတ်တန်ဆာကို ဝတ်ဆင်၍၊ နန်းတော် အဆောင်မှတဘက်တချက်၊ နန်းတော်အတွင်းတန်တိုင်း ထဲမှာ ရပ်နေ၏။ ရှင်ဘုရင်သည် နန်းတော်တံခါးတဘက် တချက်၊ နန်းတော်ထဲ၊ ရာဇပလ္လင်ပေါ်မှာ ထိုင်တော်မူ၏။
Esther 6:4ရှင်ဘုရင်ကလည်း၊ တန်တိုင်းတွင်း၌ အဘယ်သူ ရှိသနည်းဟု မေးတော်မူလျှင်၊ ဟာမန်သည် မိမိလုပ်နှင့် သော လည်ဆွဲချတိုင်၌ မော်ဒကဲကို လည်ဆွဲချရမည် အကြောင်း၊ နန်းတော်ပြင် တန်တိုင်းတွင်းသို့ ဝင်မိသည် ဖြစ်၍၊
Daniel 2:9အိပ်မက်ကို ငါ့အားမဘော်မပြလျှင်၊ သင်တို့ သည် အကြံတခုတည်းသာရှိသည်ဖြစ်၍၊ ကာလပြောင်း လဲသည်တိုင်အောင်၊ ငါ့ရှေ့၌ လျှောက်စရာဘို့ ကောက် ကျစ်လိမ်လစ်သောစကားကို ပြင်ဆင်နှင့်ကြပြီ။ အိပ်မက် ကို ပြန်ပြောကြ။ ထိုသို့ပြောလျှင်၊ အိပ်မက်အနက်ကို ဘော်ပြနိုင်သည်ကို ငါသိမည်ဟု ပြန်၍ မိန့်တော်မူ၏။