Esther 6:8
ရှင်ဘုရင် ဝတ်ဆင်တော်မူသော မင်းမြောက် တန်ဆာ၊ ရှင်ဘုရင်စီးတော်မူသော မြင်းတော်၊ ဆောင်း တော်မူသော ရာဇသရဖူကို ယူခဲ့၍၊
1835 Judson Burmese Bible
In The King James Version
In Context
7ရှင်ဘုရင်ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသော သူအဘို့၊
Cross References
1 Samuel 18:4မိမိဝတ်သော ဝတ်လုံကို ချွတ်၍ မိမိအဝတ်တန်ဆာများနှင့် ထား၊ လေး၊ ခါးစည်းတို့ကိုပင် ဒါဝိဒ်အား ပေးလေ၏။
Esther 1:11ခုနစ်ရက်မြောက်သော နေ့၌ ရှင်ဘုရင်သည် စပျစ်ရည် သောက်၍ ရွှင်လန်းသော စိတ်ရှိသောအခါ၊ ဖိဖုရား အဆင်းလှခြင်း အသရေကို မင်းများနှင့် လူများတို့အား ပြလိုသောငှါ၊ မိဖုရားဝါရှတိကို ရာဇသရဖူဆောင်းစေ၍၊ အထံတော်သို့ ဆောင်ခဲ့ရမည်အကြောင်း၊ မဟုမန်၊ ဗိဇသ၊ ဟာဗောန၊ ဗိဂသ၊ အဗာဂသ၊ ဇေသာ၊ ကာကတ် တည်းဟူသော အမှုတော်ထမ်း မိန်းမစိုးခုနစ်ယောက် တို့ကို မိန့်တော်မူ၏။
Luke 15:22အဘက၊ မြတ်သောဝတ်လုံကို ယူခဲ့၍ သူ့ကို ခြုံကြ၊ သူ၏လက်၌ လက်စွပ်တန်ဆာကို ဆင်ကြ။