Esther 7:4
ကျွန်တော်မနှင့် ကျွန်တော်မအမျိုးသားချင်း တို့ကို သတ်ဖြတ် သုတ်သင်ပယ်ရှင်းခြင်းငှါ ရောင်းပါပြီ။ ကျွန်ယောက်ျား ကျွန်မိန်းမဖြစ်စေခြင်းငှါ ရောင်းလျှင်၊ ရန်သူသည် ရှင်ဘုရင် အကျိုးနည်းခြင်းအတွက် အဘိုးကို ပေးနိုင်သော်လည်း၊ ကျွန်တော်မတိတ်ဆိတ်စွာ နေပါမည် ဟု လျှောက်လေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Deuteronomy 28:68ထိုလမ်းကို နောက်တဖန် သင်မမြင်ရဟု မိန့် တော်မူသောလမ်းဖြင့် ထာဝရဘုရားသည် တဖန် သင့်ကို အဲဂုတ္တုပြည်သို့ သင်္ဘောနှင့် ပို့ဆောင်တော်မူသဖြင့်၊ ထို ပြည်တွင် ကျွန်ယောက်ျား၊ ကျွန်မိန်းမဖြစ်စေခြင်းငှာ ရန်သူတို့၌ ရောင်းကြလိမ့်မည်။ သို့ရာတွင် အဘယ်သူမျှ သင့်ကို မဝယ်လိုဟု ဣသရေလလူမျိုးတို့ကို ဟောပြော လေ၏။ ပညတ်တော်တို့ကို စောင့်၍ လမ်းတော်သို့ လိုက်လျှင်၊ ထာဝရဘုရား ကျိန်ဆိုသည်အတိုင်း၊ သင့်ကို ကိုယ်တော် အဘို့ သန့်ရှင်းသော အမျိုးအစဉ် အမြဲဖြစ်စေတော်မူ မည်။
1 Samuel 22:23ငါနှင့် အတူနေပါလော့။ မစိုးရိမ်နှင့်။ ငါ့အသက်ကို ရှာသောသူသည် သင့်အသက်ကိုရှာ၏။ ငါနှင့်အတူ နေပါလော့။ မစိုးရိမ်နှင့်။ ငါနှင့်အတူနေလျှင် ဘေးလွတ်ပါလိမ့်မည်ဟု အဗျာသာအား ပြောဆို၏။
Esther 3:9ကိုယ်တော် သဘောတူလျှင် ထိုအမျိုးကို ဖျက်ဆီးစေဟု အမိန့်ရှိတော်မူပါ။ ထိုအမှုကို ဆောင်ရွက် သော သူတို့သည် ဘဏ္ဍာတော်တိုက်ထဲသို့ ငွေအခွက် တသိန်းကို သွင်းစေခြင်းငှါ၊ ကျွန်တော်အပ်ပေးပါ မည်ဟု လျှောက်လေ၏။
Esther 4:7မော်ဒကဲသည် မိမိ၌ရောက်သော အမှုရှိသမျှကို၎င်း၊ ဟာမန်သည် ယုဒလူတို့ကို ဖျက်ဆီးခြင်းငှါ၊ ငွေ မည်မျှကို ဘဏ္ဍာတော်တိုက်ထဲသို့ သွင်းပါမည်ဟု ဂတိ ထားကြောင်းကို၎င်း ကြားပြောလျက်၊
Esther 8:6ကျွန်တော်မအမျိုးအပေါ်သို့ ရောက်ရသော ဘေးကို၎င်း၊ ကျွန်တော်မအမျိုးသားချင်းပျက်စီးသော အမှုကို၎င်း၊ ကျွန်တော်မသည် ကြည့်ရှုခြင်းငှါ၊ အဘယ်သို့ တတ်နိုင်ပါအံ့နည်းဟု လျှောက်ဆို၏။
Psalms 44:22အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့ သည် အစဉ်မပြတ်အသေသတ်ခြင်းကို ခံရကြပါ၏။ သတ်ဘို့ရာထားသောသိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတပါး မှတ်တတ်ကြပါ၏။