Esther 8:13
ဤရွေ့ကား၊ ယုဒလူတို့သည် ထိုနေ့ရက်တွင် ရန်သူတို့ကို ရန်တုံ့ပြုစေခြင်းငှါ၊ အတိုင်းတိုင်း အပြည် ပြည်၌နေသော လူမျိုးအပေါင်းတို့အား ကြော်ရသော အမိန့်တော်စာချက်ဖြစ်သတည်း။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Judges 16:28ရှံဆုန်ကလည်း၊ အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်မျက်စိနှစ် ဘက်ကို ဖောက်သော ဖိလိတ္တိလူတို့၌ တပြိုင်နက်အပြစ်ဒဏ် ပေးနိုင်မည်အကြောင်း၊ ယခုတကြိမ်မျှ သာ ခွန်အားကို ပြန်ပေးတော်မူပါဘုရားဟု ထာဝရဘုရားအား ဆုတောင်းပြီးမှ၊-
Psalms 37:14မတရားသောသူတို့သည် ဆင်းရဲငတ်မွတ်သော သူတို့ကို လှဲချခြင်းငှါ၎င်း၊ ဖြောင့်မတ်စွာကျင့်သော သူတို့ကိုသတ်ခြင်းငှါ၎င်း၊ ထားကိုထုတ်လျက်၊ လေးကို တင်လျက် နေတတ်ကြ၏။
Psalms 92:10အကျွန်ုပ်၏ ချိုကိုကား၊ ကြံ့ချိုကဲ့သို့ ချီးမြှောက်၍၊ အကျွန်ုပ်ကို အသစ်သောဆီနှင့် လိမ်းတော်မူလိမ့်မည်။
Luke 18:7ဘုရားသခင် ရွေးကောက်တော်မူသောသူတို့သည် ညဉ့်နေ့မပြတ် အော်ဟစ်၍ တောင်းလျှောက်လျှင်၊ ဘုရားသခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော။ ကြာမြင့်စွာ သည်းခံတော်မူမည်လော။