bible.software › Esther › Esther 8 › Esther 8:7
Esther 8:7
ရှင်ဘုရင် အာရွှေရုကလည်း၊ ဟာမန်သည် ယုဒလူတို့ကို ထိခိုက်သောကြောင့်၊ သူ၏အိမ်ကို ဖိဖုရား ဧသတာအားငါပေးပြီ။ ထိုသူကိုလည်း လည်ဆွဲချတိုင်၌ ကွပ်မျက်စေပြီ။
1835 Judson Burmese Bible
In The King James Version
Then the king Ahasuerus said unto Esther the queen and to Mordecai the Jew, Behold, I have given Esther the house of Haman, and him they have hanged upon the gallows, because he laid his hand upon the Jews.
In Context
6ကျွန်တော်မအမျိုးအပေါ်သို့ ရောက်ရသော ဘေးကို၎င်း၊ ကျွန်တော်မအမျိုးသားချင်းပျက်စီးသော အမှုကို၎င်း၊ ကျွန်တော်မသည် ကြည့်ရှုခြင်းငှါ၊ အဘယ်သို့ တတ်နိုင်ပါအံ့နည်းဟု လျှောက်ဆို၏။
8သို့ရာတွင် ရှင်ဘုရင်လက်စွပ်နှင့် တံဆိပ်ခတ် သော ရှင်ဘုရင် မိန့်တော်စာကို အဘယ်သူမျှ မပယ်ရ သည်ဖြစ်၍၊ စိတ်ရှိသည်အတိုင်း ယုဒလူတို့အဘို့ အမိန့် တော်စာကို တဖန်ရေး၍၊ လက်စွပ်တော်နှင့် တံဆိပ်ခတ် ရမည်ဟု မိဖုရားဧသတာနှင့် ယုဒလူမော်ဒကဲတို့အား မိန့်တော်မူ၏။
Read all of Esther 8
Cross References
Esther 7:9မိန်းမစိုးဟာဗောနကလည်း၊ အရှင်မင်းကြီး၏ အကျိုးတော်ကို စောင့်၍ လျှောက်ထားသော မော်ဒကဲ အဘို့ ဟာမန်လုပ်၍ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချတိုင်သည်၊ ဟာမန်အိမ်၌ စိုက်ထားလျက် ရှိပါ၏ဟု နားတော်လျှောက်သော်၊ ထိုတိုင်၌ လည်ဆွဲ ချစေဟု ရှင်ဘုရင်မိန့်တော်မူ၏။
Proverbs 13:22သူတော်ကောင်းသည် သားမြေးတို့အဘို့ အမွေ ဥစ္စာကို ချန်ထားတတ်၏။ အပြစ်ရှိသော သူ၏စည်းစိမ် မူကား၊ ဖြောင့်မတ်သော သူတို့အဘို့ သိုထားလျက်ရှိ၏။
This Verse In Other Editions
Study Esther 8:7