ထွက်မြောက်ရာကျမ်း 10:7
ဖာရောဘုရင်၏ ကျွန်တို့ကလည်း၊ ဤလူသည် ငါတို့ကို အဘယ်မျှ ကာလပတ်လုံး နှောင့်ရှက်ပါလိမ့် မည်နည်း။ ထိုသူတို့သည် သူတို့၏ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုမည်အကြောင်း အခွင့်ပေးတော်မူပါ။ အဲဂုတ္တုပြည်ပျက်ကြောင်းကို သိတော်မမူသေးသလောဟု လျှောက်ကြလျှင်၊
1835 Judson Burmese Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 10
Cross References
Exodus 8:19ထိုအခါ ဝိဇ္ဇာဆရာတို့က၊ ဤအမှုသည် ဘုရား သခင်၏ တန်ခိုးကြောင့်ဖြစ်သည်ဟု ဖါရောဘုရင်အား လျှောက်ကြားကြ၏။ သို့သော်လည်း ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဖာရောဘုရင်သည် နှလုံးခိုင်မာ ၍ သူတို့စကားကို နားမထောင်ဘဲနေပြန်လေ၏။
Joshua 23:13သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် နောက်တဖန် ဤလူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော် မမူ။ သင်တို့၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူ၍ ကောင်းမွန်သော ဤပြည်၌ သင်တို့သည် မပျောက်မပျက် မှီတိုင်အောင် သူတို့သည် သင်တို့၌ ကျော့ကွင်း၊ ထောင် ချောက်၊ သင်တို့ နံစောင်၌ နှင်တံ၊ သင်တို့မျက်စိ၌ ဆူး ဖြစ်ကြလိမ့်မည် အကြောင်းကို ဧကန်အမှန် သိမှတ်ကြ လော့။
1 Samuel 18:21ငါ့သမီးသည် ဒါဝိဒ်ကိုကျော့မိ၍ ဖိလိတ္တိလူတို့ လက်သို့ ရောက်စေခြင်းငှါ ပေးစားမည်ဟု အကြံရှိ၏။
Proverbs 29:6အဓမ္မလူပြစ်မှားရာ၌ ကျော့ကွင်းထောင်လျက် ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ ရွှင်လန်းစွာ သီချင်း ဆိုတတ်၏။
Isaiah 14:20သူတပါးတို့နှင့်ရောနှော၍ သင်္ဂြိုလ်ခြင်းကိုမခံရ။ အကြောင်းမူကား၊ မိမိပြည်ကို ဖျက်ဆီးပြီ။ မိမိအမျိုး သား ချင်းတို့ကို သတ်လေပြီ။ အဓမ္မပြုသော သူတို့၏အနွယ် သည် ဂုဏ်အသရေအလျှင်းမရှိရဟု ပြောဆိုကြလိမ့်မည်။
Jeremiah 48:4မောဘပြည်သည်ပျက်စီးခြင်းသို့ရောက်၍၊ သူငယ်တို့သည် မြည်တမ်းသောအသံကိုပြုကြ၏။