The Bible Software
bible.software › ထွက်မြောက်ရာကျမ်း › ထွက်မြောက်ရာကျမ်း 13 › ထွက်မြောက်ရာကျမ်း 13:21

ထွက်မြောက်ရာကျမ်း 13:21

သူတို့သည် နေ့ညသွားနိုင်အောင် ထာဝရဘုရားသည် နေ့၌ကား၊ လမ်းပြဘို့ မိုဃ်းတိမ်တိုင်အားဖြင့် ၎င်း၊ ညဉ့်၌ကား၊ အလင်းပေးဘို့ မီးတိုင်အားဖြင့်၎င်း၊ သူတို့ရှေ့က ကြွတော်မူ၏။

1835 Judson Burmese Bible

In The King James Version

And the LORD went before them by day in a pillar of a cloud, to lead them the way; and by night in a pillar of fire, to give them light; to go by day and night:

In Context

20တဖန် သူတို့သည် သုကုတ်အရပ်မှ ထွက်သွား၍ တောအနား၊ ဧသံမြို့၌ စားခန်းချကြ၏။

22နေ့အချိန်၌ မိုဃ်းတိမ်တိုင်၊ ညဉ့်အချိန်၌ မီးတိုင်ကို သူတို့ရှေ့မှ ရုပ်သိမ်းတော်မမူ။

Read all of ထွက်မြောက်ရာကျမ်း 13

Cross References

Exodus 14:19ထိုအခါ ဣသရေလတပ်ရှေ့မှာသွားသော ဘုရားသခင်၏ ကောင်းကင်တမန်သည် နောက်၌ လိုက်သဖြင့်၊ မိုဃ်းတိမ်တိုင်သည် သူတို့ရှေ့ကရွှေ့၍ နောက်၌ ရပ်နေလေ၏။

Exodus 33:9မောရှေသည်တဲတော်အထဲသို့ ဝင်ပြီးမှ၊ မိုဃ်းတိမ်တိုင် ဆင်းသက်၍ တဲတော်တံခါးဝ၌ ရပ်သဖြင့်၊ ထာဝရဘုရားသည် မောရှေနှင့် နှုတ်ဆက်တော်မူ၏။

Exodus 40:38ခရီးသွားလေရာရာတွင် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှောက်၌ ထာဝရဘုရား၏ မိုဃ်းတိမ်သည် နေ့အခါ တြတော်အပေါ်မှာ တည်နေ၏။ ညဉ့်အခါ မီးလျှံဖြစ်လျက် တည်နေလေသတည်း။ ရှင်မောရှေစီရင်ရေးထားသော ထွက်မြောက်ရာ ကျမ်းပြီး၏။

Numbers 9:16ထိုသို့အစဉ်ဖြစ်၍ နေ့အချိန်၌မိုဃ်းတိမ်ဖုံးအုပ်လျက်၊ ညအချိန်၌မီးကဲ့သို့ ထင်လျက်ရှိ၏။

Numbers 14:14ဤပြည်၌ နေသောသူတို့အား သိတင်းပြောကြ လိမ့်မည်။ ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူမျိုး၌ ရှိတော်မူကြောင်းကို၎င်း၊ ထာဝရဘုရား၊ ကိုယ်တော်သည် ထင်ရှားတော်မူကြောင်းကို၎င်း၊ မိုဃ်းတိမ်တောသည် သူတို့ကို လွှမ်းမိုးကြောင်းကို၎င်း။ ကိုယ်တော်သည် နေ့ အချိန်၌ မိုဃ်းတိမ်တိုင်၊ ညဉ့်အချိန်၌ မီးတိုင်ဖြင့် သူတို့ ရှေ့က ကြွတော်မူကြောင်းကို၎င်း ကြားရကြပြီ။

Nehemiah 9:12ထိုမှတပါး၊ နေ့အချိန်၌ မိုဃ်းတိမ်တိုင်အားဖြင့်၎င်း၊ ညဉ့်အချိန် ၌ သူတို့သွားရာလမ်းကို လင်းစေသော မီးတိုင်အားဖြင့်၎င်း၊ သူတို့ကို ပို့ဆောင်တော်မူ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ထွက်မြောက်ရာကျမ်း 13:21

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ထွက်မြောက်ရာကျမ်း 13:20ထွက်မြောက်ရာကျမ်း 13ထွက်မြောက်ရာကျမ်း 13:22 →