ထွက်မြောက်ရာကျမ်း 13:7
တဆေးမပါသောမုန့်ကို စားရသော ခုနစ်ရက်ပတ်လုံး သင်တို့၌ တဆေးကို မတွေ့မမြင်ရ။ သင်တို့နေ သောအရပ်ရပ်တို့၌လည်း မတွေ့မမြင်ရ။
1835 Judson Burmese Bible
In The King James Version
In Context
6ခုနစ်ရက်ပတ်လုံး တဆေးမပါသောမုန့်ကို စားပြီးမှ၊ ခုနစ်ရက်မြောက်သောနေ့တွင်၊ ထာဝရဘုရား အဘို့ ပွဲခံရကြမည်။
Read all of ထွက်မြောက်ရာကျမ်း 13
Cross References
Exodus 12:19ခုနစ်ရက်ပတ်လုံး သင်တို့အိမ်များ၌ တဆေးမရှိရ။ တဆေးပါသောမုန့်ကို စားသောသူမည်သည်ကား၊ တကျွန်းတနိုင်ငံသားဖြစ်စေ၊ ပြည်သားဖြစ်စေ၊ ဣသရေလအမျိုး ပရိသတ်မှ ပယ်ရှင်းခြင်းကို ခံရမည်။
Joshua 5:11ပသခါပွဲကို ခံပြီးမှ၊ နက်ဖြန်နေ့၌ ခါနာန်စပါးဖြင့် လုပ်သော တဆေးမဲ့မုန့်နှင့် ပေါက်ပေါက်ကို တနေ့ခြင်း တွင် စားရကြ၏။