ထွက်မြောက်ရာကျမ်း 19:5
ထိုကြောင့် ယခုတွင် သင်တို့သည် ငါ့စကားကို အမှန်နားထောင်၍ ငါ့ပဋိညာဉ်ကို စောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှ သည် ငါ၏ဥစ္စာဖြစ်၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 19
Cross References
Exodus 9:29မောရှေကလည်း၊ မြို့ထဲက ကျွန်ုပ်ထွက်သွားသောအခါ၊ ထာဝရဘုရားရှေ့တော်၌ ကျွန်ုပ်လက်ဝါးတို့ကို ဖြန့်ပါမည်။ ထာဝရဘုရားသည် မြေကြီးကို အစိုးရတော်မူကြောင်းကို ကိုယ်တော်သိစေခြင်းငှာ မိုဃ်းကြိုးစဲလိမ့် မည်။ မိုဃ်းသီးလည်း မကျမရွာရ။
Exodus 23:22အကယ်စင်စစ် သင်သည် သူ့စကားကို နားထောင်၍ ငါပညတ်သမျှအတိုင်းပြုလျှင်၊ သင်၏ ရန်သူတို့ကို ငါသည် ရန်ဘက်ပြုမည်။ သင့်ကို ဆီးတားသောသူတို့ကိုလည်း ငါဆီးတားမည်။
Exodus 34:9အိုဘုရားရှင်၊ အကျွန်ုပ်သည် ရှေ့တော်၌ မျက်နှာရလျှင်၊ အကျွန်ုပ်အရှင်သည် အကျွန်ုပ်တို့နှင့်အတူ ကြွတော်မူပါစေသော၊ အကျွန်ုပ်တောင်းပန်ပါ၏။ ဤလူမျိုးသည် လည်ပင်းခိုင်မာသော အမျိုးဖြစ်သော်လည်း၊ အကျွန်ုပ်တို့ပြစ်မှားမိသော ဒုစရိုက်အပြစ်များကို လွှတ်၍ အကျွန်ုပ်တို့ကို ကိုယ်တော်အမွေဥစ္စာတို့ သိမ်းယူတော် မူပါဟုလျှောက်လျှင်၊
Deuteronomy 4:20သင်တို့သည် ယနေ့၌ ဖြစ်သကဲ့သို့၊ ထာဝရ ဘုရား အမွေခံတော်မူသော လူမျိုးဖြစ်စေခြင်းငှာ၊ သင်တို့ ကို အဲဂုတ္တုပြည် သံမီးဖိုထဲကနှုတ်၍ ယူဆောင်တော်မူပြီ။
Deuteronomy 7:6အကြောင်းမူကား၊ သင်သည် သင်၏ ဘုရား သခင် ထာဝရဘုရားအဘို့ သန့်ရှင်းသောအမျိုး ဖြစ်၏။ မြေကြီးပေါ်မှာ ရှိသမျှသော လူမျိုးထက် သင်၏ဘုရား သခင် ထာဝရဘုရားပိုင်ထိုက်သော အမျိုးဖြစ်စေခြင်းငှာ သင့်ကို ရွေးချယ်တော်မူပြီ။
Deuteronomy 10:14မိုဃ်းကောင်းကင်နှင့် ကောင်းကင်ဘဝဂ်ကို၎င်း၊ မြေကြီးနှင့် မြေကြီးတန်ဆာရှိသမျှကို၎င်း၊ သင်၏ဘုရား သခင် ထာဝရဘုရား ပိုင်တော်မူ၏။