ထွက်မြောက်ရာကျမ်း 2:16
ထိုအခါ မိဒျန်ယဇ်ပုရောဟိတ်၏ သမီးညီအစ်မ ခုနစ်ယောက်တို့သည်၊ မိမိတို့အဘ၏ သိုးဆိတ်များကို ရေတိုက်ခြင်းငှါလာ၍ ရေခပ်ပြီးလျှင်၊ ရေသောက်ခွက်တို့၌ လောင်းကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 2
Cross References
Genesis 24:11မိန်းမများရေခပ်သော ညဦးယံအချိန်၌၊ မြို့ပြင် ရေတွင်းနားမှာ ကုလားအုပ်တို့ကို ဝပ်စေပြီးလျှင်၊
Genesis 29:6သူသည်မာပါ၏လောဟု တဖန်မေးပြန်လျှင်၊ မာပါ၏။ သူ၏သမီးရာခေလသည် သိုးများနှင့်တကွ လာလိမ့်မည်ဟု ဆိုကြလေ၏။
Genesis 41:45ဖါရောမင်းသည်လည်း၊ ဇာဖဏာသဖါဏတည်း ဟူသော ဘွဲ့နာမနှင့်ယောသပ်ကို ချီးမြှောက်၍ ဩနမြို့၏ ယဇ်ပုရောဟိတ်ပေါတိဖေရ၏သမီးအာသနတ်နှင့် စုံဘက်စေတော်မူ၏။ ထိုသို့ယောသပ်သည် အဲဂုတ္တု နိုင်ငံအုပ်အရာနှင့် အထံတော်ကထွက်လေ၏။
Exodus 18:1ဘုရားသခင်သည် မောရှေမှစ၍ ကိုယ်တော်၏ လူဣသရေလအမျိုးအဘို့ ပြုတော်မူသမျှကို၎င်း၊ ထာဝရဘုရားသည် ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူကြောင်းကို၎င်း၊ မိဒျန် ယဇ်ပုရောဟိတ်ဖြစ်သော မောရှေ၏ ယောက္ခမ ယေသရော ကြားသည်ရှိသော်၊