ထွက်မြောက်ရာကျမ်း 2:20
အဘကလည်း၊ ထိုသူသည် အဘယ်မှာရှိသနည်း။ အဘယ်ကြောင့် သူ့ကိုပစ်ထားခဲ့သနည်း။ အစာ စားစေခြင်းငှါ သူ့ကိုခေါ်ချေကြဟု ဆိုလေ၏။
1835 Judson Burmese Bible
In The King James Version
In Context
21မောရှေသည် ထိုသူထံမှာနေ၍ ပျော်မွေ့သဖြင့်၊ သမီးဇိပေါရကို မောရှေအား ထိမ်းမြားပေးစားလေ၏။
Read all of ထွက်မြောက်ရာကျမ်း 2
Cross References
Genesis 18:5မုန့်အနည်းငယ်ကိုလည်း ယူခဲ့ပါမည်။ အမော အပန်းပြေသောအခါ သွားကြပါလော့။ ထိုသို့သော ကျေးဇူးတော်ကို ခံစေခြင်းငှါ၊ ကိုယ်တော် ကျွန်ရှိရာသို့ ရောက်ပါပြီဟုဆို၏။ ထိုသူတို့ကလည်း၊ ပြောသည်အတိုင်း ပြုပါလော့ဟုဆိုကြ၏။
Genesis 24:31ထာဝရဘုရားကောင်းကြီးပေးတော်မူသော သူ၊ ကျွန်ုပ်အိမ်သို့ ဝင်ပါလော့။ ပြင်၌အဘယ်ကြောင့် ရပ်နေ သနည်း။ အိမ်ကို၎င်း၊ ကုလားအုပ် များနေရာအရပ်ကို ၎င်း၊ ကျွန်ုပ်ပြင်ပါပြီဟုဆိုသဖြင့်၊
Genesis 31:54ထိုအခါယာကုပ်သည် တောင်ပေါ်မှာ ယဇ် ပူဇော်၍၊ ညီအစ်ကိုများကို အစာစားစေခြင်းငှါ ခေါ်ဘိတ်သဖြင့်၊ သူတို့သည် စားသောက်၍၊ တောင်ပေါ် မှာ ညဉ့်ကို လွန်စေကြ၏။
Job 31:32ဧည့်သည်သည် လမ်း၌ညဉ့်ကို မလွန်ရမည်အကြောင်း၊ ငါသည် ခရီးသွားသော သူတို့အား ကိုယ် တံခါးကို ဖွင့်ထားပြီ။
1 Timothy 5:10ကောင်းသောအကျင့်ကိုကျင့်၍ အသရေရှိသောသူ၊ သူငယ်တို့ကို ကျွေးမွေးခြင်း၊ ဧည့်သည်ဝတ်ပြုခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲသောသူတို့ကို လုပ်ကျွေးခြင်း၊ ကောင်းသောအမှုရှိသမျှတို့၌ ကြိုးစား အားထုတ်ခြင်းကို ပြုဘူးသောသူဖြစ်လျှင်၊ စာရင်းအင်း ဝင်စေ။