ထွက်မြောက်ရာကျမ်း 25:2
ငါ့အား လက်ဆောင်ပဏ္ဏာကို ဆောင်ခဲ့ရမည်အကြောင်း ဆင့်ဆိုလော့။ ကြည်ညိုသောစေတနာစိတ် နှင့် ငါ့အား လှူသမျှသောသူတို့၌ သင်သည် အလှူကို ခံရမည်။
1835 Judson Burmese Bible
In The King James Version
In Context
1ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည်၊
3ခံရသောအလှူဟူမူကား၊ ရွှေ၊ ငွေ၊ ကြေးဝါ၊
Read all of ထွက်မြောက်ရာကျမ်း 25
Cross References
Numbers 7:3မင်းတပါးနွားထီးတ ကောင်စီ၊ မင်းနှစ်ပါးအမိုး ပါသော ရထားတခုစီ၊ ရထားခြောက်ခု၊ နွားဆယ် နှစ်ကောင်တို့ကို တဲတော်ရှေ့သို့ ဆောင်ခဲ့၍ ထာဝရ ဘုရားအား ပူဇော်သက္ကာပြုကြ၏။
Deuteronomy 16:16အဇုမပွဲခံချိန်၊ ခုနှစ်သိတင်းပွဲခံချိန်၊ သကေနေ ပွဲခံချိန်တည်းဟူသော တနှစ်တွင် သုံးကြိမ်မြောက်အောင် သင်တို့ယောက်ျားအပေါင်းတို့သည်၊ သင်၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်၌ ရှေ့တော်မှာ မျက်နှာပြရကြမည်။ ထိုအခါ ထာဝရဘုရား ထံတော်သို့ အဘယ်သူမျှလက်ချည်း မပေါ်မလာရ။
1 Chronicles 29:1တဖန် ဒါဝိဒ်မင်းကြီးက၊ ဘုရားသခင် ရွေး ကောက်တော်မူသော ငါ့သားရှောလမုန်သည် အသက် ငယ်၍ နုသေး၏။ အမှုမူကား ကြီးလှ၏။ တည်ဆောက် ရသော ဗိမာန်သည် လူအဘို့မဟုတ်၊ ထာဝရအရှင် ဘုရားသခင်အဘို့ဖြစ်၏။
Ezra 1:6အိမ်နီးချင်း ရှိသမျှတို့သည်၊ အလိုလိုလှူသော အလှူမှတပါး၊ ငွေတန်ဆာနှင့်ရွှေ အစရှိသော ဥစ္စာများ၊ တိရစ္ဆာန်များ၊ အဘိုးထိုက်သော အရာတို့နှင့် မစကြ၏။
Ezra 3:5ထိုနောက်မှ အမြဲပူဇော်ရသောယဇ်၊ လဆန်းနေ့ ၌၎င်း၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေသော ဓမ္မပွဲနေ့ ၌၎င်း၊ ပူဇော်ရသောယဇ်၊ ထာဝရဘုရားအား အလိုလိုပူဇော်သက္ကာကို ဆောင်ခဲ့သောသူ အသီးအသီးအဘို့ ပူဇော်ရသော ယဇ်တို့ကို ပူဇော်လျက်နေကြ၏။
Nehemiah 11:2ယေရုရှလင်မြို့၌နေခြင်းငှါ အလိုလို ဝန်ခံသော သူအပေါင်းတို့ကို၊ လူများတို့သည် ကောင်းကြီးပေးကြ၏။