ထွက်မြောက်ရာကျမ်း 25:8
ငါသည် သင်တို့တွင် ကျိန်းဝပ်ရာဘို့ သန့်ရှင်းရာဌာနကို လုပ်ကြစေ။
1835 Judson Burmese Bible
In The King James Version
And let them make me a sanctuary; that I may dwell among them.
In Context
7ရှဟံကျောက်၊ ယဇ်ပုရောဟိတ် သင်တိုင်းနှင့် ရင်ဖွဲ့၌ စီစရာကျောက်မြတ်တည်းဟူသော အလှူကို ခံရမည်။
9ငါပြသမျှသော တဲတော်ပုံ၊ တဲတော်တန်ဆာပုံနှင့်အညီ လုပ်ရမည်။
Read all of ထွက်မြောက်ရာကျမ်း 25
Cross References
Exodus 15:17အို ထာဝရဘုရား၊ အမွေခံတော်မူရာ တောင်တည်းဟူသော ကျိန်းဝပ်တော်မူရာဘို့ ဖန်ဆင်းတော်မူ သော အရပ်ထဲသို့ ကိုယ်တော်၏လူတို့ကို သွင်းတော်မူလိမ့်မည်။ အို ထာဝရဘုရား၊ လက်တော်နှင့် တည်တော်မူ သော သန့်ရှင်းရာဌာနတော်၌ နေရာချတော်မူလိမ့်မည်။
Exodus 29:46ငါသည် သူတို့တွင် နေခြင်းငှါ၊ သူတို့ကို အဲဂုတ္တုပြည်ထဲက ကယ်နှုတ်ဆောင်ယူခဲ့သော သူတို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့ သိကြလိမ့်မည်။ ငါသည် သူတို့ ဘုရားသခင် ထာဝရဘုရားဖြစ်၏ဟု မောရှေအား မိန့်တော်မူ၏။
Leviticus 4:6မိမိလက်ညှိုးကို အသွေး၌နှစ်၍ သန့်ရှင်းရာဌာနတော် ကုလားကာရှေ့၊ ထာဝရဘုရား ရှေ့တော်၌ ခုနစ်ကြိမ်ဖြန်းရမည်။
Leviticus 21:12သန့်ရှင်းရာဌာနတော်ထဲက မထွက်ရ။ မိမိဘုရားသခင်၏ သန့်ရှင်းရာဌာနတော်ကို မရှုတ်မချရ။ အကြောင်းမူကား၊ မိမိဘုရားသခင်၏ ဘိသိက်ဆီနှင့်ဆိုင်သော သင်းကျစ်ကို ဆောင်းရသောသူ ဖြစ်၏။ ငါသည် ထာဝရဘုရား ဖြစ်၏။
1 Kings 6:13ငါ၏လူဣသရလအမျိုးကို ငါမစွန့်။ သူတို့ အလယ်၌ နေမည်ဟု မိန့်တော်မူ၏။
Isaiah 12:6အိုဇအုန် သတို့သမီး၊ ကြွေးကြော်လော့။ ဝမ်းမြောက်သဖြင့် အော်ဟစ်လော့။ အကြောင်းမူကား၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားသည် သင်၏ အလယ်၌ ဘုန်းကြီးတော်မူ၏ဟု မြွက်ဆိုရလိမ့်မည်။