ထွက်မြောက်ရာကျမ်း 27:3
ပြာခံစရာအိုးနှင့်တကွ တူးရွင်းပြား၊ အင်တုံ၊ အမဲသားချိတ်၊ လင်ပန်း အစရှိသော ယဇ်ပလ္လင်နှင့် ဆိုင်သော တန်ဆာရှိသမျှတို့ကို ကြေးဝါနှင့် လုပ်ရမည်။
1835 Judson Burmese Bible
In The King James Version
In Context
2ယဇ်ပလ္လင် လေးထောင့်အပေါ်မှာ၊ ဦးချိုလေးချောင်းကို အကာရှသားနှင့်လုပ်၍ ကြေးဝါနှင့် မွမ်းမံရမည်။
4ကြေးဝါ ဆန်ခါကို၎င်း၊ ဆန်ခါလေးထောင့်အပေါ်မှာ ကြေးဝါလေးကွင်းကို၎င်း လုပ်ပြီးလျှင်၊
Read all of ထွက်မြောက်ရာကျမ်း 27
Cross References
Exodus 24:6မောရှေသည်လည်း၊ အသွေးတဝက်ကို အင်တုံ၌ထည့်၍၊ တဝက်ကို ယဇ်ပလ္လင်ပေါ်မှာ ဖြန်းလေ၏။
Exodus 38:3အိုးနှင့်တကွ တူးရွင်းပြား၊ အင်တုံ၊ အမဲသားချိတ်၊ လင်ပန်း အစရှိသော ယဇ်ပလ္လင်နှင့် ဆိုင်သော တန်ဆာရှိသမျှတို့ကို ကြေးဝါနှင့်လုပ်လေ၏။
Numbers 4:14ထိုပလ္လင်နှင့်ဆိုင်သော အမှုတော်ထမ်းရန် တန်ဆာတည်းဟူသော လင်ပန်း၊ အမဲသားချိတ်၊ တူးရွင်း ပြား၊ အင်တုံ အစရှိသော ယဇ်ပလ္လင်တန်ဆာရှိသမျှတို့ကို တင်၍၊ တဟာရှသားရေနှင့် အုပ်ပြီးမှ ထမ်းဘိုးတို့ကို လျှိုထားရမည်။
1 Kings 7:40ဟိရံသည်အိုးများ၊ ရေမှုတ်များ၊ အင်တုံငယ်များ ကိုလည်း လုပ်သဖြင့်၊ ရှောလမုန် မင်းကြီးအဘို့ ထာဝရ ဘုရား၏အိမ်တော်၌ လက်စသတ်သောအရာများဟူမူ ကား၊
2 Kings 25:15ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသော လင်ပန်း၊ အိုးအစရှိသော တန်ဆာများကို ရွှေဖြစ်စေ၊ ငွေဖြစ်စေ၊ ကိုယ်ရံတော်မှူးသည် ယူသွားလေ၏။
2 Chronicles 4:11ဟိရံသည်အိုးများ၊ ရေမှုတ်များ၊ အင်တုံငယ်များ ကိုလည်း လုပ်သဖြင့်၊ ရှောလမုန်မင်းကြီးအဘို့ ဘုရား သခင်၏အိမ်တော်၌ လက်စသတ်သော အရာများဟူမူ ကား၊