ထွက်မြောက်ရာကျမ်း 28:21
ဣသရေလအမျိုး တဆယ်နှစ်မျိုး ရှိသည်အတိုင်း၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ထိုကျောက် တို့၌၊ ထိုတဆယ့်နှစ်ပါးသော နာမည်အသီးသီးတို့ကို တင်လျက်၊
1835 Judson Burmese Bible
In The King James Version
In Context
20စတုတ္ထအတန်းကား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့ဖြစ်၍၊ အသီးအသီးတို့ကို ရွှေအိုး၌ စီရမည်။
22ကျောက်တလုံးလျှင် နာမည်တပါးစီပါရမည်။
Read all of ထွက်မြောက်ရာကျမ်း 28
Cross References
Exodus 24:4မောရှေသည် ထာဝရဘုရား၏ စကားတော်အလုံးစုံတို့ကို ရေးထားပြီးမှ၊ နံနက်စောစောထ၍၊ တောင်ခြေရင်း၌ ယဇ်ပလ္လင်ကို၎င်း၊ ဣသရေလအမျိုး တဆယ်နှစ်မျိုးနှင့်အမျှ ကျောက်တိုင်တဆယ်နှစ်တိုင်ကို ၎င်း တည်လေ၏။
Job 19:24ခဲပြားပေါ်မှာကညစ်နှင့်အက္ခရာတင်လျက်၊ ကျောက်စာထိုး လျက်မြဲပါစေသော။
Luke 22:30သင်တို့သည် ငါ၏နိုင်ငံတွင် ငါ့စားပွဲ၌ စားသောက်သောအခွင့်ကို၎င်း၊ တရားပလ္လင်ပေါ်မှာထိုင်၍ ဣသရေလလူတဆယ်နှစ်မျိုးကို အုပ်စိုးရသောအခွင့်ကို၎င်း၊ ငါသည် သင်တို့အား ပေးမည်ဟု မိန့်တော်မူ၏။
Revelation 7:4တံဆိပ်ခတ်ခြင်းကိုခံရသော သူအရေအတွက်ကို ငါကြား၍၊ ဣသရေလအမျိုးသားတို့၌ အသီးသီးသော အမျိုးအနွယ်ထဲက လူတသိန်း လေးသောင်းလေးထောင်တို့သည် တံဆိပ်ခတ်ခြင်းကိုခံရကြ၏။