ထွက်မြောက်ရာကျမ်း 29:37
ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ဘို့ အပြစ်ဖြေခြင်းကို ပြု၍ သန့်ရှင်းစေပြီးမှ၊ အလွန်သန့်ရှင်းသော ယဇ်ပလ္လင်ဖြစ်၍၊ ထိုပလ္လင်နှင့် တွေ့သမျှသောအရာတို့သည် သန့်ရှင်းသောအရာ ဖြစ်ရမည်။
1835 Judson Burmese Bible
In The King James Version
In Context
38ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ရသောအရာ ဟူမူကား၊ အခါမလည်သော သိုးသငယ် နှစ်ကောင်ကို ယူ၍၊
Read all of ထွက်မြောက်ရာကျမ်း 29
Cross References
Exodus 30:28မီးရှို့ရာ ယဇ်ပူဇော်သောပလ္လင်နှင့် ပလ္လင်တန်ဆာရှိသမျှကို၎င်း၊ အင်တုံနှင့် အင်တုံခြေထောက်ကို၎င်း၊ ထိုနံ့သာဆီနှင့် လိမ်းသဖြင့်၊
Exodus 40:10ယဇ်ကောင်ရှို့ရာပလ္လင်နှင့် တန်ဆာရှိသမျှတို့ကို လိမ်း၍ သန့်ရှင်းစေသဖြင့်၊ ထိုပလ္လင်သည် အလွန် သန့်ရှင်းသော ပလ္လင်ဖြစ်ရမည်။
2 Chronicles 7:9အဋ္ဌမ နေ့ရက်၌ ဓမ္မစည်းဝေးခြင်းကို ပြုကြ၏။ ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ကိုအနုမောဒနာပြုပြီးမှ၊ နောက်တဖန်ခုနစ်ရက်ပတ်လုံး ပွဲခံကြ၏။
Ezekiel 43:25ခုနစ်ရက်ပတ်လုံး တနေ့တနေ့လျှင်၊ ဆိတ်တ ကောင်ကို အပြစ်ဖြေရာယဇ်ပြု၍ ပူဇော်ရမည်။ အပြစ် မရှိ၊ ပျိုသောနွားထီးတကောင်နှင့် သိုးထီးတကောင်ကို လည်း ပူဇော်ရမည်။
Matthew 23:17လူမိုက်လူကန်းတို့၊ အဘယ်အရာသည်သာ၍ မြတ်သနည်း။ ထိုရွှေကားမြတ်သလော။ ထိုရွှေကို သန့် ရှင်းစေသော ဗိမာန်တော်ကားမြတ်သလော။