ထွက်မြောက်ရာကျမ်း 3:19
အဲဂုတ္တုရှင်ဘုရင်သည် ကြီးစွာသောတန်ခိုးကို မတွေ့မမြင်လျှင်၊ သွားရသော အခွင့်ကို သင်တို့အား မပေးကြောင်းကို ငါသိ၏။
1835 Judson Burmese Bible
In The King James Version
And I am sure that the king of Egypt will not let you go, no, not by a mighty hand.
In Context
Read all of ထွက်မြောက်ရာကျမ်း 3
Cross References
Exodus 4:21ထာဝရဘုရားကလည်း၊ သင်သည် အဲဂုတ္တုပြည်သို့သွား၍ ရောက်လျှင်၊ သင်၌ ငါအပ်သော အံ့ဘွယ် သော အမှုအလုံးစုံတို့ကို ဖါရောဘုရင်ရှေ့မှာ ပြလော့။ ထိုသို့ပြသော်လည်း သူ၏နှလုံးကို ငါခိုင်မာစေ၍၊ သူသည် ဣသရေလလူတို့ကို မလွှတ်ဘဲ နေလိမ့်မည်။
Exodus 6:1ထာဝရဘုရားကလည်း၊ ငါသည် ဖါရောမင်း၌ အဘယ်သို့ပြုမည်ကို သင်သည် ယခုသိလိမ့်မည်။ သူသည် ကြီးစွာသောတန်ခိုးကို တွေ့မြင်၍၊ ငါ၏လူတို့ကို လွှတ်ရလိမ့်မည်။ ကြီးစွာသော တန်ခိုးကို တွေ့မြင်၍ သူတို့ကို မိမိပြည်မှနှင်ရလိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။
Exodus 7:14ထာဝရဘုရားကလည်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ၍ ဣသရေလလူတို့ကို မလွှတ်ဘဲနေ၏။
Exodus 9:7ဖါရောဘုရင်သည် လူကိုစေလွှတ်၍၊ ဣသ ရေလအမျိုးသားတို့၏ တိရစ္ဆာန်တကောင်မျှ မသေ ကြောင်းကို သိရ၏။ သို့သော်လည်း နှလုံးခိုင်မာပြန်၍၊ ဣသရေလလူတို့ကို မလွှတ်ဘဲနေလေ၏။
Exodus 10:20သို့သော်လည်း၊ ထာဝရဘုရားသည် ဖာရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလအမျိုးသားတို့ကို မလွှတ်ဘဲနေပြန်လေ၏။
Exodus 11:10မောရှေနှင့်အာရုန်တို့သည် ဖာရောဘုရင်ရှေ့မှာ ဤအံ့ဘွယ်သော အမှုအလုံးစုံတို့ကို ပြုသော်လည်း၊ ထာဝရဘုရားသည် ဖာရောဘုရင်၏ နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ ဣသရေလအမျိုးသားတို့ကို ပြည်တော်မှ ထွက်သွားရသောအခွင့်ကို မပေးဘဲ နေသတည်း။