ထွက်မြောက်ရာကျမ်း 3:5
ဘုရားသခင်ကလည်း၊ မချဉ်းနှင့်။ သင်၏ခြေနင်းကို ချွတ်လော့။ သင်နင်းသော အရပ်ကား သန့်ရှင်းသော မြေဖြစ်သည်ဟူ၍၎င်း၊
1835 Judson Burmese Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 3
Cross References
Genesis 28:16ယာကုပ်သည်အိပ်ပျော်ရာမှ နိုးလျင်၊ အကယ်စင်စစ် ထာဝရဘုရားသည် ဤအရပ်၌ရှိတော်မူ၏။ ရှိတော်မူကြောင်းကို ငါမသိ။
Exodus 4:28မောရှေသည်လည်း၊ မိမိကိုစေလွှတ်တော်မူသော ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို၎င်း၊ မှာထားတော်မူသမျှသော နိမိတ်သက်သေတို့ကို၎င်း၊ အာရုန်အားကြားပြောလေ၏။
Exodus 19:21ထာဝရဘုရားကလည်း၊ လူတို့သည် ကြည့်ရှုခြင်းငှာ ထာဝရဘုရားထံသို့ ကျော်ဝင်၍၊ အများတို့သည် သေကြလိမ့်မည်ဟု စိုးရိမ်စရာရှိသောကြောင့် ဆင်း၍ သတိပေးလော့။
Joshua 5:15ထာဝရဘုရား၏ ဗိုလ်ခြေကိုအုပ်စိုးသော ဗိုလ် မှူးက၊ သင်၏ခြေနင်းကို ချွတ်လော့။ သင်နင်းသောအ ရပ်ကား မြေမြတ်ဖြစ်သည်ဟု ဆိုသည်အတိုင်း ယောရှုပြု လေ၏။
Acts 7:33ထာဝရဘုရားကလည်း၊ သင်၏ခြေနင်းကို ချွတ်လော့။ သင်နင်း သောအရပ်ကား သန့်ရှင်းသောမြေ ဖြစ်၏။