ထွက်မြောက်ရာကျမ်း 32:22
အာရုန်က၊ သခင်၊ အမျက်မထွက်ပါနှင့်။ ဤလူတို့သည် မကောင်းသော အကြံရှိကြောင်းကို ကိုယ်တော် သိပါ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 32
Cross References
Genesis 44:18ထိုအခါ ယုဒသည်ချဉ်းကပ်လျက်၊ သခင်ဘုရား၊ ကိုယ်တော်ကျွန်သည် စကားတခွန်းဖြင့် နားတော်လျှောက်ရသော အခွင့်ကို ပေးတော်မူပါ။ ကိုယ်တော်ကျွန်၌ အမျက်ထွက်တော်မမူပါနှင့်။ ကိုယ် တော်သည် ဖါရောဘုရင်ကဲ့သို့ ဖြစ်တော်မူ၏။
Exodus 15:24လူများတို့သည် မောရှေကို အပြစ်တင်၍ မြည်တမ်းလျက်၊ အဘယ်သို့ သောက်ရပါမည်နည်းဟု ဆိုကြ၏။
Exodus 16:20အချို့တို့သည် မောရှေစကားကို နားမထောင်ဘဲ၊ နံနက်တိုင်အောင် ကျန်စေသဖြင့်၊ ပိုးဖြစ်၍ နံလေသော်၊ မောရှေသည် အမျက်ထွက်၏။
Exodus 17:2ထိုကြောင့် လူများတို့က၊ သောက်ဘို့ရေပေးပါဟု ဆို၍ မောရှေကို ရန်တွေ့ကြ၏။ မောရှေကလည်း၊ ငါ့ကို အဘယ်ကြောင့် ရန်တွေ့ကြသနည်း။ ထာဝရဘုရားကို အဘယ်ကြောင့် စုံစမ်းကြသနည်းဟု ဆိုလေ၏။
Deuteronomy 9:7သင်သည်၊ သင်၏ ဘုရားသခင် ထာဝရဘုရား ကို အမျက်တော်ထွက်စေခြင်းငှာ၊ တော၌ပြုမိသည်ကို မမေ့နှင့်၊ အောက်မေ့လော့။ သင်သည် အဲဂုတ္တုပြည်ထဲက ထွက်သောနေ့မှစ၍ ဤအရပ်သို့ ရောက်သည် တိုင် အောင် ထာဝရဘုရားကို ပုန်ကန်ပြီ။
Deuteronomy 31:27သင်တို့အမျိုးသည် ပုန်ကန်တတ်သော သဘော၊ ခိုင်မာသောသဘော ရှိကြောင်းကို ငါသိ၏။ ငါအသက် ရှင်၍၊ သင်တို့တွင် နေစဉ်အခါ၊ ယနေ့ပင် သင်တို့သည် ထာဝရဘုရားကို ပုန်ကန်ကြပြီ။ ငါသေသောနောက် ထိုမျှ မကပြုကြလိမ့်မည်။