ထွက်မြောက်ရာကျမ်း 39:6
ရှဟံကျောက်နှစ်လုံးကို သွေး၍ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ဣသရေလအမျိုး၏ နာမတို့ကို အက္ခရာတင်ပြီးမှ၊ ရွှေကျောက်အိုး၌ ထည့်လေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 39
Cross References
Exodus 25:7ရှဟံကျောက်၊ ယဇ်ပုရောဟိတ် သင်တိုင်းနှင့် ရင်ဖွဲ့၌ စီစရာကျောက်မြတ်တည်းဟူသော အလှူကို ခံရမည်။
Exodus 35:9ရဟံကျောက်၊ ယဇ်ပုရောဟိတ်သင်တိုင်းနှင့် ရင်ဖွဲ့၌ စီစရာကျောက်မြတ်တည်းဟူသော ထာဝရဘုရား အား လှူသောအလှူကို ဆောင်ခဲ့ကြလော့။
Ezekiel 28:13ဧဒင် အရပ်၊ ဘုရားသခင်၏ ဥယျာဉ်တော်၌ နေပြီ။ သင်၏ခေါင်းပေါ်မှာ ကျောက်နီ၊ ဥဿဖရား၊ စိန်၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွ့၊ နီလာ၊ မြ၊ ပတ္တမြား အစရှိသော ကျောက်မြတ် အမျိုးမျိုးတို့ကို ဆောင်လေ၏။ ရွှေဖြင့် လုပ်သော ပတ်သာ၊ ပုလွေတို့သည်လည်း၊ သင်ဘွားသော နေ့၌ပင် သင့်အဘို့ ပြင်ဆင်လျက်ရှိကြ၏။