The Bible Software
bible.software › ထွက်မြောက်ရာကျမ်း › ထွက်မြောက်ရာကျမ်း 4 › ထွက်မြောက်ရာကျမ်း 4:22

ထွက်မြောက်ရာကျမ်း 4:22

ဖါရောဘုရင်ကိုလည်း ထာဝရဘုရားက ဣသရေလသည် ငါ့သားဖြစ်၏။ ငါ့သားဦးဖြစ်၏။

1835 Judson Burmese Bible

In The King James Version

And thou shalt say unto Pharaoh, Thus saith the LORD, Israel is my son, even my firstborn:

In Context

21ထာဝရဘုရားကလည်း၊ သင်သည် အဲဂုတ္တုပြည်သို့သွား၍ ရောက်လျှင်၊ သင်၌ ငါအပ်သော အံ့ဘွယ် သော အမှုအလုံးစုံတို့ကို ဖါရောဘုရင်ရှေ့မှာ ပြလော့။ ထိုသို့ပြသော်လည်း သူ၏နှလုံးကို ငါခိုင်မာစေ၍၊ သူသည် ဣသရေလလူတို့ကို မလွှတ်ဘဲ နေလိမ့်မည်။

23ငါ့သားသည် ငါ့အားဝတ်ပြုသောအခွင့် ရှိစေခြင်းငှါ လွှတ်လော့။ မလွှတ်ဘူးဟု ငြင်းလျှင်၊ သင်၏သား၊ သင်၏သားဦးကိုပင် ငါကွပ်မျက်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မောရှအား မှာထားတော်မူ၏။

Read all of ထွက်မြောက်ရာကျမ်း 4

Cross References

Exodus 19:5ထိုကြောင့် ယခုတွင် သင်တို့သည် ငါ့စကားကို အမှန်နားထောင်၍ ငါ့ပဋိညာဉ်ကို စောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှ သည် ငါ၏ဥစ္စာဖြစ်၏။

Deuteronomy 32:6အို ပညာမဲ့သော လူမိုက်တို့၊ ထာဝရဘုရား၏ ကျေးဇူးတော်ကို ဤသို့ဆပ်မည်လော။ ထာဝရဘုရား သည် သင့်ကို ဖြစ်စေသောအဘ၊ သင့်ကို ဖန်ဆင်း၍ နေရာချသောသူ ဖြစ်တော်မူသည် မဟုတ်လော။

Isaiah 64:8သို့ရာတွင်အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့ အဘဖြစ်တော်မူ၏။ အကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ အိုးထိန်းဖြစ်တော်မူ၏။ အကျွန်ုပ်တို့ရှိသမျှသည် လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။

Jeremiah 31:9ငိုကြွေးလျက် လာကြလိမ့်မည်။ ဆုတောင်း ပဌနာပြုလျက်ရှိသော ထိုသူတို့ကို ငါပို့ဆောင်မည်။ မြစ်နားမှာ ရှောက်သောလမ်း၊ ထိမိ၍ မလဲရသော လမ်းဖြောင့်တို့၌ ငါသွေးဆောင်မည်။ အကြောင်းမူကား၊ ငါသည် ဣသရေလအမျိုး၏ အဘဖြစ်၏။ ဧဖရိမ်အမျိုး သည် ငါ၏ သားဦးဖြစ်၏။

Malachi 1:6သားသည် အဘကို ရိုသေတတ်၏။ ကျွန်သည် သခင်ကို ကြောက်ရွံ့တတ်၏။ ငါသည် အဘမှန်လျှင်၊ ငါ့ကို အဘယ်သူရိုသေသနည်း။ သခင်မှန်လျှင်၊ အဘယ် သူ ကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် နာမတော်ကို မထီမဲ့မြင်ပြုသော ယဇ် ပုရောဟိတ်တို့အား မေးတော်မူ၏။ အကျွန်ုပ်တို့သည် နာမတော်ကို အဘယ်သို့ မထီမဲ့မြင်ပြုပါသနည်းဟု သင် တို့မေးရာတွင်၊

2 Corinthians 6:18သင်တို့၏အဘဖြစ်မည်။ သင်တို့သည်လည်း ငါ၏သားသမီးဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးနှင့် ပြည့်စုံသောထာဝရဘုရား မိန့်တော်မူ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ထွက်မြောက်ရာကျမ်း 4:22

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ထွက်မြောက်ရာကျမ်း 4:21ထွက်မြောက်ရာကျမ်း 4ထွက်မြောက်ရာကျမ်း 4:23 →