The Bible Software
bible.software › ထွက်မြောက်ရာကျမ်း › ထွက်မြောက်ရာကျမ်း 6 › ထွက်မြောက်ရာကျမ်း 6:6

ထွက်မြောက်ရာကျမ်း 6:6

ထိုကြောင့် ဣသရေလအမျိုးသားတို့အား ပြောရသောစကားဟူမူကား၊ ငါသည် ထာဝရဘုရား ဖြစ်၏။ ငါသည်လည်း သင်တို့ကို အဲဂုတ္တုလူတို့လက်မှ လွှတ်၍၊ သူတို့၏ ညှဉ်းဆဲခြင်းထဲက နှုတ်ယူမည်။ လက်ဆန့်ခြင်း၊ ကြီးစွာသော ဒဏ်ခတ်ခြင်းအားဖြင့် သင်တို့ကို ငါရွေးမည်။

1835 Judson Burmese Bible

In The King James Version

Wherefore say unto the children of Israel, I am the LORD, and I will bring you out from under the burdens of the Egyptians, and I will rid you out of their bondage, and I will redeem you with a stretched out arm, and with great judgments:

In Context

5အဲဂုတ္တုလူတို့သည် အစေကျွန်ခံစေသော ဣသ ရေလအမျိုးသားတို့၏ ညဉ်းတွားမြည်တမ်းခြင်းအသံကို ငါကြားရပြီ။ ငါပဋိညာဉ်ကိုလည်း ငါအောက်မေ့၏။

7ငါ၏လူမျိုးဖြစ်စေခြင်းငှါ၊ သင်တို့ကို ငါသိမ်းယူမည်။ ငါသည်လည်း သင်တို့၏ ဘုရားသခင်ဖြစ်မည်။ ငါသည်သင်တို့ကို အဲဂုတ္တုလူတို့လက်မှ လွှတ်သော သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့ သိကြလိမ့်မည်။

Read all of ထွက်မြောက်ရာကျမ်း 6

Cross References

Exodus 3:17အဲဂုတ္တုပြည်၌ ခံရသောဒုက္ခထဲက သင်တို့ကို ငါနှုတ်၍၊ ခါနနိလူ၊ ဟိတ္တလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာ၊ နို့နှင့်ပျားရည်စီးတတ်သော ပြည်သို့ပို့ဆောင်မည် ငါဂတိရှိသည်ဟု မိန့်တော်မူပြီဟု သူတို့အား ပြောလော့။

Exodus 6:8ငါသည်လည်း၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ အားပေးမည်ဟု ကျိန်ဆိုသောပြည်သို့ ငါပို့ဆောင်၍၊ အမွေခံစရာဘို့ပေးမည်။ ငါသည် ထာဝရဘုရားဖြစ်၏ဟု မိန့်တော်မူ၏။

Exodus 7:4သို့သော်လည်း ဖါရောမင်းသည် သင်တို့စကားကို နားမထောင်ဘဲနေလိမ့်မည်။ ငါသည်လည်း ငါ့လက် ကို အဲဂုတ္တုပြည်အပေါ်မှာတင်၍ ကြီးစွာသောဒဏ်ခတ်ခြင်းအားဖြင့် ငါ၏ဗိုလ်ပါများ၊ ငါ၏လူဣသရလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်မည်။

Exodus 13:16ဤအရာသည်လည်း၊ သင်၏လက္ခဏာ သက်သေ၊ သင်၏မျက်စိကြားမှာ သင်းကျပ်ဖြစ်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော် မူပြီဟု လူများတို့အား ပြောဆိုလေ၏။

Exodus 32:11မောရှေကလည်း၊ အို ထာဝရဘုရား၊ ကိုယ်တော်သည် မဟာတန်ခိုးအားကြီးသော လက်နှင့် အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ကိုယ်တော်၏ လူတို့ကို၊ အဘယ်ကြောင့် အမျက်ပြင်းစွာ ထွက်တော်မူသနည်း။

Deuteronomy 4:34သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ အဲဂုတ္တုပြည်မှာ သင်တို့မျက်မှောက်၌ ပြုတော်မူသကဲ့သို့၊ စုံစမ်းခြင်းနိမိတ်လက္ခဏာနှင့် အံ့ဘွယ်သောအမှုတို့ကို ပြခြင်း၊ စစ်မှုကိုရောက်စေခြင်း၊ အားကြီးသော လက်ရုံး တော်ကို ဆန့်ခြင်း၊ ကြောက်မက်ဘွယ်သော ရူပါရုံတို့ကို ပြခြင်းအားဖြင့်၊ အခြားတပါးသော ဘုရားသည် သွား၍ လူတမျိုးထဲက တမျိုးကို မိမိအဘို့ နှုတ်ယူဘူးသလော။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ထွက်မြောက်ရာကျမ်း 6:6

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ထွက်မြောက်ရာကျမ်း 6:5ထွက်မြောက်ရာကျမ်း 6ထွက်မြောက်ရာကျမ်း 6:7 →