ထွက်မြောက်ရာကျမ်း 8:19
ထိုအခါ ဝိဇ္ဇာဆရာတို့က၊ ဤအမှုသည် ဘုရား သခင်၏ တန်ခိုးကြောင့်ဖြစ်သည်ဟု ဖါရောဘုရင်အား လျှောက်ကြားကြ၏။ သို့သော်လည်း ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဖာရောဘုရင်သည် နှလုံးခိုင်မာ ၍ သူတို့စကားကို နားမထောင်ဘဲနေပြန်လေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 8
Cross References
Genesis 41:24အလုံးသေးသော စပါးနှံတို့သည် ကောင်းသော စပါးခုနစ်နှံတို့ကို စားကြ၏။ ထိုအိမ်မက်ကို ဗေဒင်တတ် တို့အား ငါကြားပြော၍ အနက်ကို အဘယ်သူမျှ မဘတ်နိုင်ဟု ယောသပ်အား ပြောဆိုတော်မူ၏။
Exodus 9:4ထာဝရဘုရားသည်၊ ဣသရေလလူတို့၏ တိရစ္ဆာန်နှင့် အဲဂုတ္တုလူတို့၏ တိရစ္ဆာန်ကို ခြားနား စေသဖြင့်၊ ဣသရေလအမျိုးသားပိုင်သော တိရစ္ဆာန် တကောင်မျှမသေရ။
Exodus 10:7ဖာရောဘုရင်၏ ကျွန်တို့ကလည်း၊ ဤလူသည် ငါတို့ကို အဘယ်မျှ ကာလပတ်လုံး နှောင့်ရှက်ပါလိမ့် မည်နည်း။ ထိုသူတို့သည် သူတို့၏ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုမည်အကြောင်း အခွင့်ပေးတော်မူပါ။ အဲဂုတ္တုပြည်ပျက်ကြောင်းကို သိတော်မမူသေးသလောဟု လျှောက်ကြလျှင်၊
Exodus 11:7သို့ရာတွင် ထာဝရဘုရားသည်၊ အဲဂုတ္တုလူတို့နှင့် ဣသရေလလူတို့ကို ခြားနားစေတော်မူကြောင်းကို သင်တို့သိစေခြင်းငှာ၊ ဣသရေလလူတစုံတယောက်ကို ခွေးတကောင်မျှ မဟိန်းရဟု မိန့်တော်မူ၏။
1 Samuel 6:9သေတ္တာတော်သည် မိမိပြည်သို့ သွားသောလမ်း ဗက်ရှေမက်မြို့သို့လိုက်လျှင်၊ ထိုဘုရားသခင်သည် ဤဘေးကြီးကို ငါတို့၌ ဖြစ်စေပြီ။ သို့မဟုတ် ဒဏ်ခတ်တော်မူသောကြောင့် ငါတို့မခံ၊ အလိုလို ခံရ သည်ကို သိရကြမည်ဟု စီရင်သည်အတိုင်း၊-
Daniel 2:10ခါလဒဲဆရာတို့ကလည်း၊ အရှင်မင်းကြီး၏ အမှု အရာကို ဖြေနိုင်မည်သူ၊ မြေကြီးပေါ်မှာ တယောက်မျှ မရှိပါ။ အဘယ်မည်သော ရှင်ဘုရင်သည် ဘုန်းတန်ခိုး ကြီးသော်လည်း၊ မာဂုပညာရှိ၊ ဗေဒင်တတ်၊ ခါလဒဲ ဆရာတို့ကို ဤသို့မေးမြန်းလေ့မရှိပါ။