ယေဇကျေလအနာဂတ္တိကျမ်း 10:17
သူတို့ရပ်သောအခါ ဘီးတို့သည်ရပ်ကြ၏။ သူတို့သည် မြေကြီးနှင့်ကွာ ၍တက်သောအခါ၊ ဘီးတို့သည်လည်း ထက်ကြပ်လိုက်၍ တက်ကြ၏။ အကြောင်းမူကား၊ သတ္တဝါ၏ ဝိညာဉ်သည် ဘီးတို့၌ရှိ၏။
1835 Judson Burmese Bible
In The King James Version
In Context
18ထိုအခါ ထာဝရဘုရား၏ ဘုန်းတော်သည် အိမ်တော်တံခါးခုံမှ ရွှေ့၍ခေရုဗိမ်အပေါ်မှာ တည်လေ ၏။
Read all of ယေဇကျေလအနာဂတ္တိကျမ်း 10
Cross References
Ezekiel 1:12ထိုသတ္တဝါတို့သည် ဝိညာဉ်တော်သွားခွင့်ရှိသည် အတိုင်း သွားကြ၏။ သွားသောအခါတပါးမျှ မလည်ဘဲ တည့်တည့်သွားတတ်ကြ၏။
Ezekiel 1:21သူတို့သွားသောအခါဘီးတို့သည်သွားကြ၏။ သူတို့ရပ်သောအခါ ဘီးတို့သည်ရပ်ကြ၏။ သူတို့သည် မြေကြီးနှင့်ကွာ၍ တက်သောအခါ၊ ဘီးတို့သည်လည်း သူတို့နှင့်ထက်ကြပ်တက်၍လိုက်ကြ၏။ အကြောင်းမူကား၊ သတ္တဝါတို့၏ဝိညာဉ်တော်သည် ဘီးတို့၌ရှိ၏။
Revelation 11:11ထိုနောက်သုံးရက်ခွဲလွန်ပြီးလျှင်၊ ဘုရားသခင့် အထံတော်က အသက်ဝိညာဉ်သည် သူတို့၌ဝင်သဖြင့် ၊ သူတို့သည် မတ်တက်ထ၍ မြင်သမျှသောသူတို့သည် အလွန်ကြောက်ရွံ့ကြ၏။