ယေဇကျေလအနာဂတ္တိကျမ်း 11:22
ထိုအခါ ခေရုဗိမ်တို့သည် အတောင်တို့ကို ဖြန့်၍၊ ဘီးတို့သည်လည်း လိုက်ကြ၏။ ဣသရေလအမျိုး၏ ဘုရားသခင့်ဘုန်းတော်သည်လည်း သူတို့အပေါ်၌ ရှိတော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
23ထာဝရဘုရား၏ ဘုန်းတော်သည် မြို့ထဲက တက်၍၊ မြို့အရှေ့မှာ ရှိသောတောင်ပေါ်၌ ရပ်တော်မူ၏။
Read all of ယေဇကျေလအနာဂတ္တိကျမ်း 11
Cross References
Ezekiel 1:19သတ္တဝါတို့သည် သွားသောအခါ၊ ဘီးတို့သည် လည်း ထက်ကြပ်ပါကြ၏။
Ezekiel 10:19ထိုခေရုဗိမ်တို့သည် ငါ့မျက်မှောက်၌ အတောင် တို့ကို ဖြန့်ပြီးလျှင်၊ မြေကြီးနှင့်ကွာ၍ တက်ကြ၏။ ပြင်သို့ ထွက်သောအခါ ဘီးတို့သည် လိုက်ကြ၏။ ထာဝရဘုရား ၏ အိမ်တော်ရှေ့တံခါးဝမှာ ရပ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ဘုန်းတော်သည် သူတို့အပေါ်မှာ တည်လျက် ရှိ၏။