ယေဇကျေလအနာဂတ္တိကျမ်း 16:37
သင့်ကိုချစ်သောရည်းစားရှိသမျှတို့နှင့် သင်ချစ် သောသူ၊ မုန်းသောသူ အပေါင်းတို့ကိုငါစုဝေးမည်။ သင့်တဘက်ပတ်လည်၌ စုဝေးစေ၍၊ သင်၌အဝတ် အချည်းစည်းရှိခြင်းကို ငါပြသဖြင့်၊ ထိုသူအပေါင်းတို့သည် သင်၌ အဝတ်အချည်းစည်းရှိသမျှကို မြင်ရကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 16
Cross References
Jeremiah 4:30သင်သည် ပျက်စီးခြင်းသို့ ရောက်သောအခါ အဘယ်သို့ပြုလိမ့်မည်နည်း။ နီမောင်းသော အဝတ်ကို ဝတ်သော်၎င်း၊ ရွှေတန်ဆာကို ဆင်သော်၎င်း၊ သင်၏ မျက်နှာစုတ်ပဲ့သည်တိုင်အောင် ဆေးသုတ်သော်၎င်း၊ သင်၏တင့်တယ်ခြင်းကို အချည်းနှီးပြ၏။ သင်၏ ရည်းစားတို့သည် သင့်ကိုစွန့်၍၊ သင်၏အသက်ကို သတ်ခြင်းငှါ ရှာကြံကြ၏။
Jeremiah 13:26ထိုသို့နှင့်အညီ သင်ရှက်စရာအကြောင်းကို ထင်ရှားစေခြင်းငှါ၊ သင်၏ အဝတ်ကို ငါဖွင့်လှစ်၍ ပြမည်။
Lamentations 1:8ယေရုရှလင်မြို့ပြစ်မှားသောအပြစ်သည် အလွန်များသောကြောင့်၊ ရွံ့ရှာဘွယ် ဖြစ်လေ၏။ သူ့ကို ရိုသေဘူးသောသူ အပေါင်းတို့သည် သူ၌အချည်းစည်းရှိ ခြင်းကို မြင်သောကြောင့် မထီမဲ့မြင်ပြုကြ၏။ သူသည် လည်း ညည်းတွား၍ နောက်သို့ပြန်သွားလေ၏။
Ezekiel 23:9ထိုကြောင့်၊ သူတပ်မက်သော ရည်းစား၊ အာရှုရိ လူတို့၌ သူ့ကိုငါ အပ်၍၊
Hosea 2:3မရှောင်လျှင် သူ၏အဝတ်ရှိသမျှကို ငါချွတ်၍၊ သူဘွားသောနေ့၌ အဝတ်မရှိသကဲ့သို့ အဝတ်မပါ၊ ပြင်၌ ထုတ်ထားမည်။ လွင်ပြင်ကဲ့သို့ သုတ်သင်မည်။ သွေ့ ခြောက်သော မြေကဲ့သို့ ဖြစ်စေလျက် ရေအငတ်ထား၍ သေစေမည်။
Hosea 8:10တပါးအမျိုးသားတို့အား ဆုချသော်လည်း၊ ချက် ခြင်းလူများကို ငါစုဝေးစေမည်။ မကြာမမြင့်မှီ ရှင်ဘုရင် နှင့် မင်းများတင်သော ဝန်ကို ပင်ပန်းစွာ ထမ်းရကြလိမ့် မည်။