The Bible Software
bible.software › ယေဇကျေလအနာဂတ္တိကျမ်း › ယေဇကျေလအနာဂတ္တိကျမ်း 17 › ယေဇကျေလအနာဂတ္တိကျမ်း 17:9

ယေဇကျေလအနာဂတ္တိကျမ်း 17:9

သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ထိုအပင်သည် ကောင်းစားရမည်လော။ ညှိုးနွမ်းစေခြင်းငှါ အမြစ်ကို နှုတ်၍ အသီးကိုဆွတ်ရမည် မဟုတ်လော။ ပေါက်လေသမျှသော အရွက်တို့သည် ညှိုးနွမ်းရကြလိမ့်မည်။ အမြစ်နှင့် တကွသုတ်သင်ပယ်ရှင်း ခြင်း အမှုကိုပြီးစေခြင်းငှါကြီးသော တန်ခိုး၊ များပြားသော အလုံးအရင်းကို အလိုမရှိ။

1835 Judson Burmese Bible

In The King James Version

Say thou, Thus saith the Lord GOD; Shall it prosper? shall he not pull up the roots thereof, and cut off the fruit thereof, that it wither? it shall wither in all the leaves of her spring, even without great power or many people to pluck it up by the roots thereof.

In Context

8အခက်အလက်နှင့်ပြည့်စုံ၍ အသီးကိုသီးသဖြင့်၊ သန်မြန်သော စပျစ်နွယ်ပင်ဖြစ်စေခြင်းငှါ ရေများရာ အရပ်၊ မြေကောင်းသောလယ်ကွက်၌ ထိုအပင်ကို စိုက်လေပြီ။

10စိုက်လျက်ရှိ၍ ကောင်းစားရာမည်လော။ အရှေ့လေတိုက်သောအခါ အကုန်အစင်ညှိုးနွမ်းရမည် မဟုတ်လော။ ကြီးပွါးသော လယ်ကွက်၌ ညှိုးနွမ်းရ လိမ့်မည်ဟု မိန့်တော်မူ၏။

Read all of ယေဇကျေလအနာဂတ္တိကျမ်း 17

Cross References

Numbers 14:41မောရှေက၊ ထာဝရဘုရား၏ အမိန့်တော်ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း။ သင်တို့အကြံမထ မြောက်ရ။

2 Chronicles 13:12ဘုရားသခင် ကိုယ်တော်တိုင်သည်၊ ငါတို့တွင် ဗိုလ်မင်းဖြစ်တော်မူ၏။ ဘုရားသခင်၏ ယဇ်ပုရောဟိတ် တို့သည်လည်း၊ တံပိုးမှုတ်လျက် သင်တို့တဘက်၌ နှိုးဆော် ခြင်းငှါ၊ ငါတို့တွင်ရှိကြ၏။ အိုဣသရေလအမျိုးသားတို့၊ ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားတဘက်၌ မတိုက်ကြနှင့်။ တိုက်လျှင်ရှုံးရကြလိမ့်မည်ဟု ပြောဆို၏။

Isaiah 8:9အချင်းလူများတို့၊ သင်းဖွဲ့၍မှိုင်တွေကြလော့။ ဝေး သောပြည်သားအပေါင်းတို့၊ နားထောင်ကြလော့။ ခါးစည်း၍ မှိုင်တွေကြလော့။ ခါးစည်း၍ မှိုင်တွေကြ လော့။

Isaiah 31:1စစ်ကူတောင်းအံ့သောငှါ အဲဂုတ္တုပြည်သို့သွား ၍၊မြင်းတို့ကို အမှီပြုလျက် များစွာသော ရထားတို့ကို၎င်း၊ အားကြီးသော မြင်းစီးသူရဲတို့ကို၎င်းခိုလှုံလျက်၊ ဣသရေ လ အမျိုး၏ သန့်ရှင်းသောဘုရားကို မမြော်လင့်၊ ထာဝရ ဘုရားကို မရှာဘဲနေသောသူတို့သည် အမင်္ဂလာရှိကြ၏။

Jeremiah 24:8မစားနိုင်အောင် အလွန်ညံ့သော သင်္ဘော သဖန်းသီးကဲ့သို့၊ ငါသည် ယုဒရှင်ဘုရင် ဇေဒကိမှစ၍၊ မှူးတော်မတ်တော်၊ ဤပြည်၌ ကျန်ကြွင်းသော ယေရု ရှလင်မြို့သား၊ အဲဂုတ္တုပြည်၌နေသော အမျိုးသားတို့ကို ဖြစ်စေမည်။

Jeremiah 32:5ဇေဒကိကိုလည်း ဗာဗုလုန်မြို့သို့ ဆောင်သွား လိမ့်မည်။ငါအကြည့်အရှုမလာမှီတိုင်အောင်၊ ထိုမြို့၌ နေရလိမ့်မည်။ သင်တို့သည် ခါလဒဲလူတို့ကို စစ်တိုက်၍ မနိုင်ရကြဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို၊ သင် သည် အဘယ်ကြောင့် ပရောဖက်ပြု၍ ဟောသနည်းဟု ဆို၍ ထောင်ထဲမှာ လှောင်ထားသတည်း။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေဇကျေလအနာဂတ္တိကျမ်း 17:9

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေဇကျေလအနာဂတ္တိကျမ်း 17:8ယေဇကျေလအနာဂတ္တိကျမ်း 17ယေဇကျေလအနာဂတ္တိကျမ်း 17:10 →