ယေဇကျေလအနာဂတ္တိကျမ်း 18:24
သို့ရာတွင်။ တရားသောသူသည်ဖောက်ပြန်၍၊ အဓမ္မအမှုကို၎င်း၊ မတရားသောသူပြုသမျှသော စက်ဆုပ် ရွံ့ရှာဘွယ် အမှုတို့ကို၎င်းပြုလျှင်၊ အသက်ရှင်ရမည် လော။ အရင်ပြုသမျှသော ဖြောင့်မတ်ခြင်းအမှုတို့ကို မမှတ်၊ သူသည် လွန်ကျူးသောအမှု၊ ပြစ်မှားသော အပြစ်ကြောင့် အသေသတ်ခြင်းကို ခံရလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 18
Cross References
1 Samuel 15:11ငါသည် ရှောလုကို ရှင်ဘုရင်အရာ၌ ခန့်ထားသည်အမှုကြောင့် နောင်တရ၏။ သူသည် ငါ၏ ပညတ်တို့ကို မကျင့်၊ ငါ့နောက်သို့မလိုက်၊ လမ်းလွှဲပြီဟု မိန့်တော်မူ၏။ ရှမွေလသည် ဝမ်းနည်း၍ တညဉ့်လုံး ထာဝရဘုရားအား ဟစ်ကြော်ပြီးလျှင်၊
2 Chronicles 24:17ယောယဒသေသောနောက်၊ ယုဒမင်းတို့သည် ရှင်ဘုရင်ထံတော်သို့ လာ၍ရှိခိုးကြ၏။ သူတို့စကားကို ရှင်ဘုရင်နားထောင်သဖြင့်၊
Psalms 125:5ကောက်သောလမ်းများသို့ လွှဲသွားသော သူတို့ ကိုကား၊ ထာဝရဘုရားသည် မတရားသဖြင့်ပြုသော သူတို့နှင့်အတူ ထုတ်သွားတော်မူမည်။ ဣသရေလအမျိုး ၌ ငြိမ်ဝပ်ခြင်း ရှိပါစေသော။
Proverbs 21:16ဉာဏ်ပညာလမ်းမှ လွှဲသွားသော သူသည် သင်္ချိုင်းသား အစုအဝေး၌ နေရာကျလိမ့်မည်။
Ezekiel 18:10သို့ရာတွင်၊ ထိုသူ၏သားသည် ထားပြတိုက် သောသူ၊ လူအသက်ကိုသတ်သောသူ၊ အရင်ဆိုခဲ့ပြီးသော ဒုစရိုက်တစုံတခုကို ပြုသောသူ၊
Ezekiel 18:22ပြုမိသမျှသော ဒုစရိုက်အပြစ်တို့ကို သူတဘက် ၌ မမှတ်ရ။ ပြုမိသောဖြောင့်မတ်ခြင်းအမှုကြောင့် အသက် ရှင်ရလိမ့်မည်။