ယေဇကျေလအနာဂတ္တိကျမ်း 20:24
အကြောင်းမူကား၊ သူတို့သည် ဘိုးဘေးတို့ ကိုးကွယ်သော ရုပ်တုများကို ငဲ့ကွက်သောကြောင့်၊ ငါ၏ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ ဥပုသ်နေ့တို့ကို ရှုတ်ချကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
23တဖန် ငါသည် သူတို့ကို အတိုင်းတိုင်း အပြည် ပြည် အရပ်ရပ်တို့သို့ ကွဲပြားစေခြင်းငှါ တော၌ ကျိန်ဆို၏။
25ထိုကြောင့်၊ မကောင်းသောစီရင်ချက်၊ အသက် မရှင်ရသော ထုံးဖွဲ့ချက်တို့ကို ငါပေး၏။
Read all of ယေဇကျေလအနာဂတ္တိကျမ်း 20
Cross References
Deuteronomy 4:19မိုဃ်းကောင်းကင်ကို မြော်၍၊ နေ၊ လ၊ ကြယ်များ တည်းဟူသော မိုဃ်းကောင်းကင် တန်ဆာရှိသမျှတို့ကို မြင်သောအခါ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ မိုဃ်းကောင်းကင်အောက်၌ ရှိသမျှသော လူမျိုးတို့ အား ဝေငှပေးကမ်းတော်မူသော ထိုတန်ဆာတို့ကို ဝတ်ပြုကိုးကွယ်စေခြင်းငှာ၊ သူတပါးတို့သည် သွေးဆောင် ၍ မရနိုင်မည်အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြု ကြလော့။
Jeremiah 2:7ဝပြောသော ပြည်၏အသီးအနှံဆီဥဆီကြည်ကို စားစေခြင်းငှါ သင်တို့ကို ငါဆောင်သွင်း၍၊ သင်တို့သည် ဝင်စားသောအခါ၊ ငါ့ပြည်ကို ညစ်ညူးစေ၍၊ ငါ၏အမွေ ကို ရွံရှာဘွယ်ဖြစ်စေကြသည်တကား။
Ezekiel 18:6တောင်ပေါ်မှာမစား၊ ဣသရေလအမျိုး ကိုးကွယ်သော ရုပ်တုတို့ကို မဖူးမမျှော်၊ သူ့မယားကို မပြစ်မှား၊ ဥတုရောက်သော မိန်းမကို မချဉ်းကပ်၊
Ezekiel 18:15တောင်ပေါ်မှာမစား၊ ဣသရေလအမျိုးကိုးကွယ် သော ရုပ်တုတို့ကို မဖူးမမျှော်၊ သူ့မယားကိုမပြစ်မှား၊
Ezekiel 20:16အကြောင်းမူကား၊ သူတို့သည် ရုပ်တုများကို ငဲ့ကွက်သောကြောင့်၊ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့် ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ဥပုသ်နေ့တို့ကို ရှုတ်ချကြ၏။