ယေဇကျေလအနာဂတ္တိကျမ်း 20:28
သူတို့အား ပေးခြင်းငှါ ငါကျိန်ဆိုသောပြည်သို့ ဆောင်သွင်းသောအခါ၊ သူတို့သည်မြင့်သောတောင်၊ ထူထပ်သော သစ်ပင်ရှိသမျှတို့ ကိုကြည့်ရှု၍၊ ထိုအရပ်တို့ ၌ ယဇ်ပူဇော်ခြင်း၊ ငါ့အမျက်ကို နှိုးဆော်သော အလှူဒါန ကိုတင်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်း၊ အရည်ပူဇော် သက္ကာသွန်းလောင်းခြင်းတို့ကို ပြုကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 20
Cross References
Genesis 26:3ယခုဤပြည်၌ တည်းခို၍နေလော့။ သင့်ဘက် မှာ ငါနေ၍ ကောင်းကြီးပေးမည်။ အကြောင်းမူကား၊ သင်နှင့်သင်၏အမျိုးအနွယ်အား ဤပြည်ရှိသမျှတို့ကို ငါပေးမည်။ သင်၏အဘအာဗြဟံအား ငါကျိန်ဆိုသော စကားရှိသည်အတိုင်းငါပြုမည်။
Joshua 23:3သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင် တို့အတွက် ဤလူမျိုးအပေါင်းတို့၌ ပြုတော်မူသမျှကို သင် တို့သည် သိမြင်ကြပြီ။ သင်တို့၏ဘုရားသခင် ထာဝရ ဘုရားသည် သင်တို့ဘက်၌ စစ်တိုက်တော်မူပြီ။
2 Kings 17:9မိမိတို့ ဘုရားသခင်ထာဝရဘုရားတဘက်၌ မတရားသောအမှုကို မထင်မရှားပြုကြ၏။ ကင်းစောင့် သော မျှော်စင်ဖြစ်စေ၊ ခိုင်ခံ့သောမြို့ဖြစ်စေ၊ မြို့ရွာ အလုံးစုံတို့၌ မြင့်သောအရပ်ကို တည်ကြ၏။
2 Kings 17:12ထာဝရဘုရား ပညတ်တော်မူသောအမှု၊ ရုပ်တု ဆင်းတုတို့၌ ပူဇော်ခြင်းအမှုကို ပြုကြ၏။
Psalms 78:55သူတို့ရှေ့မှာလည်း၊ တပါးအမျိုးသားတို့ကို နှင် ထုတ်ပြီးလျှင်၊ ဣသရေလအမျိုးအနွယ် အသီးအသီးတို့ သည် အမွေခံရသော မြေကို တာထိုး၍ ပိုင်းခြားလျက် နေရာချတော်မူ၏။
Psalms 105:8ငါသည်သင်တို့ အမွေခံရာဘို့ခါ နာန်ပြည်ကို သင်၌ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက် အားဖြင့် မများ၊