ယေဇကျေလအနာဂတ္တိကျမ်း 20:34
သင်တို့ကွဲပြားလျက်နေသော အတိုင်းတိုင်း အပြည်ပြည်တို့မှ၊ သင်တို့ အားကြီးသောလက်၊ ဆန့်သော လက်ရုံး၊ သွန်းလောင်းသောဒေါသအရှိန်နှင့် ငါဆောင် ခဲ့၍ စုဝေစေမည်။
1835 Judson Burmese Bible
In The King James Version
In Context
35လူအမျိုးမျိုးနှင့် ဆိုင်သောတောသို့ ဆောင် ခဲ့၍၊ ကိုယ်တိုင်ကိုယ်ကြပ်တရားတွေ့မည်။
Read all of ယေဇကျေလအနာဂတ္တိကျမ်း 20
Cross References
Jeremiah 31:8သူတို့ကို မြောက်ပြည်မှ ငါဆောင်ခဲ့၍၊ မြေကြီး စွန်းမှ စုသိမ်းမည်။ မျက်စိကန်းသောသူ၊ ခြေဆွံ့သောသူ၊ ကိုယ်ဝန်ဆောင်သောမိန်းမ၊ သားဘွားခြင်းဝေဒနာကို ခံရသော မိန်းမများလည်းပါလျက်၊ ကြီးစွာသော အစည်း အဝေးတို့သည် ပြန်လာကြလိမ့်မည်။
Jeremiah 44:6ထိုကြောင့်၊ ငါ၏အမျက်အရှိန်ကို ငါသွန်း လောင်း၍၊ ယုဒမြို့များ ယေရုရှလင်လမ်းများတို့၌ အမျက်မီးရှို့သဖြင့်၊ သူတို့သည်ယနေ့၌ ဖြစ်သကဲ့သို့ သုတ်သင်ပယ်ရှင်းရာအရပ်ဖြစ်ကြ၏။
Ezekiel 11:17အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့ ကို ဖြန့်ကြဲသော လူအမျိုးမျိုး နေရာအတိုင်းတိုင်း အပြည်ပြည်တို့မှ ငါသိမ်းယူ၍၊ စုဝေးပြီးလျှင်၊ ဣသရေလ ပြည်ကိုပေးမည်။
Ezekiel 34:16ပျောက်သောသိုးကို ငါရှာမည်။ သူတပါးနှင် သော သိုးကိုလိုက်၍ ဆောင်ခဲ့မည်။ အရိုးကျိုးသော သိုးကိုအဝတ်နှင့်စည်းမည်။ အားနည်းသော သိုးကိုမစ မည်။ ဆူဖြိုး၍အားရှိသောသိုးကိုကား၊ တရားအတိုင်း ကျွေးမွေး၍ ကွပ်မျက်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။