ယေဇကျေလအနာဂတ္တိကျမ်း 20:4
အချင်းလူသား၊ သင်သည်သူတို့ကို စစ်ကြော လော့။ စစ်ကြောလော့။ သူတို့ဘိုးဘေးပြုဘူးသော စက်ဆုပ်ရွံရှာဘွယ်အမှုကို ဘော်ပြ၍၊
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 20
Cross References
Jeremiah 7:16သင်သည်လည်း ဤလူမျိုးအဘို့ ပဌနာမပြုနှင့်။ သူတို့အဘို့ အော်ဟစ်ခြင်း၊ ဆုတောင်းခြင်းကို မပြုနှင့်။ ငါ့ကိုမသွေးဆောင်နှင့်။ သင်၏ စကားကို ငါနားမထောင်။
Jeremiah 14:11ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည် ကား၊ ဤလူမျိုးအဘို့ မေတ္တာပို့၍ ဆုမတောင်းနှင့်။
Ezekiel 14:14နောဧ၊ ဒံယေလ၊ ယောဘ၊ ဤသုံးယောက်ရှိသော် လည်း၊ ကိုယ်ဖြောင့်မတ်ခြင်းအားဖြင့် ကိုယ်အသက် ဝိညာဉ်ကိုသာ ကယ်နှုတ်ရသော အခွင့်ရှိကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
Ezekiel 16:2အချင်းလူသား၊ ယေရုရှလင်မြို့သည် မိမိ၌ စက်ဆုပ်ရွံရှာဘွယ်သောအမှုအရာတို့ကိုသိမည်အကြောင်း ပြုလော့။
Ezekiel 23:36တဖန်ထာဝရဘုရားသည် ငါ့အားမိန့်တော်မူ သည်ကား၊ အချင်းလူသား၊ သင်သည်အဟောလနှင့် အဟောလိဗတို့ကို စစ်ကြောလော့။ အကယ်စင်စစ် သူတို့ ပြုသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ကို ဘော်ပြရမည်။
Matthew 23:29လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပရောဖက်မှစ၍ ဖြောင့်မတ်သောသူတို့၏ သင်္ချိုင်းတွင်းနှင့် အရိုးအိုးတို့ကို တည်လုပ်၍ တန်ဆာဆင်သဖြင့်၊