ယေဇကျေလအနာဂတ္တိကျမ်း 20:47
အရှင်ထာဝရဘုရား၏ အမိန့်တော်ကို တောင် ပြည်၌ရှိသော တောအားဆင့်ဆိုရမည်မှာ၊ ငါသည် သင်၌ မီးကိုညှိမည်။ သင်၌ စိမ်းလန်းသောအပင်၊ သွေ့ခြောက် သောအပင်ရှိသမျှ လောင်လိမ့်မည်။ တောက်သော မီးလျှံသည်မငြိမ်းရ။ တောင်ဘက်မှသည် မြောက်ဘက်သို့ တိုင်အောင် မြေတပြင်လုံးလောင်လိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 20
Cross References
Deuteronomy 32:22ငါသည် အမျက်ထွက်၍ မီးရှို့သဖြင့်၊ အနက်ဆုံး သောမရဏာနိုင်ငံသို့ လောင်လိမ့်မည်။ မြေနှင့်မြေအသီး အနှံကို ကျွမ်းစေ၍ တောင်ခြေရင်းတိုင်အောင် လောင် လိမ့်မည်။
Isaiah 13:8နာခြင်းဝေဒနာအမျိုးမျိုးကို ခံရကြလိမ့်မည်။ သားဘွားသော မိန်းမကဲ့သို့ဝေဒနာကို ခံရလျက်၊ တ ယောက်ကိုတယောက် ကြည့်ရှု၍မှိုင်တွေသဖြင့်၊သူတို့ မျက်နှာသည် မီးလျှံအဆင်းရှိလိမ့်မည်။
Isaiah 30:33အကြောင်းမူကား၊ တောဖက်အရပ်သည် ရှေး ကာလ၌ စီရင်လျက်ရှိ၏။ အကယ်စင်စစ် ရှင်ဘုရင်အဘို့ ပြင်ဆင်လျက်ရှိ၏။ နက်နဲကျယ်ဝန်းစေခြင်းငှါ ဖန်ဆင်း တော်မူပြီ။ မီးရှို့ဘို့ ထင်းပုံကြီးလည်းရှိ၏။ ထာဝရဘုရား ၏ ထွက်သက်တော်သည် အရည်ကျိုသောကန့်ကဲ့သို့၊ ထို ထင်းပုံကို မီးရှို့ရလိမ့်မည်။
Jeremiah 21:14သင်တို့ အကျင့်နှင့် ထိုက်လျောက်အောင် အပြစ် ဒဏ်ကို ငါပေးမည်။ သင်တို့တောကို ငါရှို့သော မီးသည်၊ ပင်လည်၌ရှိသမျှသောအရာတို့ကို လောင်လိမ့်မည်ဟု မိန့်တော်မူ၏။
Ezekiel 16:35သို့ဖြစ်၍၊ အိုပြည်တန်ဆာမိန်းမ၊ ထာဝရဘုရား ၏အမိန့်တော်ကို နားထောင်လော့။
Ezekiel 19:14အခက်အလက်တံဖျာတခုထဲက မီးထွက်၍ အသီးကို ကျွမ်းလောင်ပြီး။ အစိုးရသော ရာဇလှံတံဘို့ ခိုင်ခံ့သောတံဖျာတစုံ တခုမျှမကျန်ကြွင်း။ ဤရွှေကား၊ ငိုကြွေးမြည်တမ်းခြင်း အကြောင်းဖြစ်၏။ ငိုကြွေးမည် တမ်းစရာ အကြောင်းလည်း ဖြစ်လိမ့်မည်။