ယေဇကျေလအနာဂတ္တိကျမ်း 21:14
သို့ဖြစ်၍၊ အချင်းလူသား၊ ပရောဖက်ပြု၍ လက်ခုပ်တီးလော့။ ထားတော်သည် နှစ်ခေါက်၊ သုံးခေါက် ရောက်ရ၏။ သူရဲထား၊ အားကြီးသော သူရဲထားဖြစ်၏။ သူတို့ကိုဝန်းရံသော ထားဖြစ်၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 21
Cross References
Leviticus 26:21သင်တို့သည် ငါ့စကားကို နားမထောင်၊ ငါ့ကို ဆန့်ကျင်ဘက်ပြုလျှင်၊ သင်တို့အပြစ်အလျောက် ခုနစ်ဆ သောဘေးကြီးကို ငါသက်ရောက်စေမည်။
Numbers 24:10ထိုအခါ ဗာလက်မင်းသည်၊ ဗာလမ်ကို အမျက် ထွက်၍ လက်ခုပ်တီးလျက်၊ ငါ၏ ရန်သူတို့ကို ကျိန်ဆဲ စေခြင်းငှါ သင့်ကို ငါခေါ်ခဲ့၏။ သင်သည် သုံးကြိမ်တိုင် အောင် အကြွင်းမဲ့ ကောင်းကြီးပေးလေပြီတကား။
1 Kings 22:25မိက္ခာက၊ သင်သည် ပုန်းရှောင်၍ နေခြင်းငှါ အတွင်းခန်းထဲသို့ ဝင်သောနေ့၌ သင်မြင်လိမ့်မည်ဟု ဆို၏။
2 Kings 24:10ထိုကာလ၌ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ ကျွန်တို့သည် ယေရုရှလင်မြို့သို့စစ်ချီ၍ ဝိုင်းထားကြ ၏။
Jeremiah 47:7အာရှကေလုန်မြို့နှင့် ပင်လယ်ကမ်းအမှု၌ ထာဝရဘုရား မှာထားတော်မူသောကြောင့်၊ အဘယ် သို့ ငြိမ်ဝပ်စွာနေနိုင်သနည်း။ ထိုအမှုကို ဆောင်ရွက်စေခြင်း ငှါ ခန့်ထားတော်မူ၏။
Ezekiel 8:12တဖန်တုံ၊ အချင်းလူသား၊ ဣသရေလအမျိုး အသက်ကြီးသူ အသီးအသီးတို့သည် မှောင်မိုက်ထဲမှာ ပုံရေးသော အခန်းတို့၌ ပြုသောအမှုကိုမြင်ပြီလော။ သူတို့က၊ ထာဝရဘုရားမမြင်။ ထာဝရဘုရားသည် မြေကြီးကို စွန့်ပစ်လေပြီဟု ဆိုကြ၏။