ယေဇကျေလအနာဂတ္တိကျမ်း 21:5
ငါထာဝရဘုရားသည် ငါ့ထားကို သူ့အိမ်မှ ထုတ်ကြောင်းကို၊ သတ္တဝါအပေါင်းတို့ သိရကြလိမ့်မည်။ ထိုထားသည် နောက်တဖန် အိမ်သို့ မပြန်ရ။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 21
Cross References
Deuteronomy 29:24ထာဝရဘုရားသည် ဤပြည်၌ အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်း။ ဤပြင်းစွာသော အမျက်တော် အရှိန်ကား၊ အဘယ်သို့နည်းဟု လူအမျိုးမျိုးတို့သည် မေးမြန်းကြလျှင်၊
1 Kings 9:7ဣသရေလအမျိုးကို ငါပေးသောပြည်မှ ငါပယ်ဖြတ်မည်။ ငါ့နာမဘို့ ငါသန့်ရှင်းစေသော ဤအိမ်တော်ကို ငါ့မျက်မှောက်မှ ပယ်ရှားမည်။ ဣသရေလအမျိုးသည် လည်း တပါးအမျိုးသားတို့တွင် ပုံခိုင်းရာ ကဲ့ရဲ့ရာဖြစ်ရ လိမ့်မည်။
Isaiah 55:11ထိုအတူ ငါ၏နှုတ်ကပတ်စကားသည် ဖြစ်လိမ့် မည်။ အကျိုးမရှိဘဲ ငါ့ထံသို့ မပြန်ရ။ ငါ့အလိုကို ပြည့်စုံ စေမည်။ ငါစေခိုင်းသော အမှု၌ အောင်လိမ့်မည်။
Ezekiel 17:2အချင်းလူသား၊ သင်သည်ဣသရေလအမျိုးအား စကားထာဝှက်၍ ပုံပြောလျက်၊
Ezekiel 21:30သင့်ထားကို အိမ်သို့ပြန်စေလော့။ သင့်ကို ငါ ဖန်ဆင်းသောအရပ်၊ မွေးဘွားရာဌာန၌ သင့်ကို ငါစီရင် မည်။