The Bible Software
bible.software › ယေဇကျေလအနာဂတ္တိကျမ်း › ယေဇကျေလအနာဂတ္တိကျမ်း 21 › ယေဇကျေလအနာဂတ္တိကျမ်း 21:7

ယေဇကျေလအနာဂတ္တိကျမ်း 21:7

သူတို့ကလည်း၊ အဘယ်ကြောင့် ညည်းတွား သနည်းဟု သင့်ကိုမေးသောအခါ၊ သင်က၊ ငါသည် သိတင်းစကားကြောင့် ညည်းတွား၏။ အမှုနီးပြီ၊။ လူ အပေါင်းတို့သည် ကြောက်အားကြီး၍ လက်အား လျော့ကြလိမ့်မည်။ စိတ်ပျက်၍ ဒူးသည်လည်းအရည် ဖြစ်လိမ့်မည်။ အမှုလာ၍ရောက်မည်အကြောင်းကို၊ အရှင်ထာဝရဘုရား ဗျာဒိတ်ပေးတော်မူကြောင်းကို ပြန်ပြောလော့ဟု မိန့်တော်မူ၏။

1835 Judson Burmese Bible

In The King James Version

And it shall be, when they say unto thee, Wherefore sighest thou? that thou shalt answer, For the tidings; because it cometh: and every heart shall melt, and all hands shall be feeble, and every spirit shall faint, and all knees shall be weak as water: behold, it cometh, and shall be brought to pass, saith the Lord GOD.

In Context

6သို့ဖြစ်၍၊ အချင်းလူသား၊ ညည်းတွားသံကို ပြုလော့။ ခါးကျိုးလျက်၊ နှလုံးကြေကွဲလျက်၊ သူတို့ရှေ့မှာ ညည်းတွားသံကို ပြုလော့။

8တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊

Read all of ယေဇကျေလအနာဂတ္တိကျမ်း 21

Cross References

Exodus 15:15ဧဒုံဗိုလ်တို့သည် မိန်းမောတွေဝေခြင်း၊ မောဘသူရဲတို့သည် တုန်လှုပ်ခြင်း၊ ခါနာန်ပြည်သားအပေါင်းတို့ သည် စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။

Deuteronomy 20:8တဖန်လည်း၊ ဗိုလ်တို့က ကြောက်တတ်သော သဘောရှိ၍ စိတ်ပျက်သောသူရှိလျှင်၊ မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ်လျှင် ထိုသူစိတ်ပျက်သကဲ့သို့ သူ၏အဘော်တို့သည် စိတ်ပျက်ကြလိမ့်မည်ဟု စိုးရိမ် စရာရှိသည်ဟု လူများတို့အား ပြောရကြမည်။

Joshua 5:1ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ ကူးစေခြင်းငှါ၊ ယော်ဒန်မြစ်ရေကို ခန်းခြောက်စေတော် မူသည်အကြောင်းကို၊ ယော်ဒန်မြစ်အနောက်ဘက်၌ နေသော အာမောရိမင်းကြီးအပေါင်း၊ ပင်လယ်နားမှာ နေသောခါနနိမင်းကြီးအပေါင်းတို့သည် ကြားသိသော အခါ၊ ရဲရင့်ခြင်းသတ္တိ အလျှင်းမကြွင်း၊ ဣသရေလအမျိုး သားတို့ကြောင့် စိတ်ပျက်ကြ၏။

2 Kings 21:12ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိတင်းကြားသောသူတိုင်း နားနှစ်ဘက်ခါးစေခြင်းငှါ ငါသည် ယေရုရှလင်မြို့၊ ယုဒ ပြည်၌ ဘေးရောက်စေမည်။

Isaiah 7:2ရှုရိပြည်သည် ဧဖရိမ်ပြည်ကို အမှီပြုသည်ဟု ဒါဝိဒ်မင်းမျိုးကြားသောအခါ၊ တော်၌သစ်ပင်တို့သည် လေကြောင့် လှုပ်ရှားသကဲ့သို့၊ မင်းကြီး၏နှလုံးနှင့် ပြည် သားတို့၏နှလုံးသည် တုန်လှုပ်လျက်ရှိကြ၏။

Isaiah 28:19ချင်းနင်းစဉ်တွင် ပါသွားလိမ့်မည်။ နံနက်အချိန် ရောက်မြဲ အစဉ်အတိုင်း၊ နေ့ညဉ့်မပြတ် ချင်းနင်းသည် ဖြစ်၍၊ သိတင်းကြားကာမျှအားဖြင့် ထိတ်လန့်ခြင်းအ ကြောင်းရှိလိမ့်မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေဇကျေလအနာဂတ္တိကျမ်း 21:7

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေဇကျေလအနာဂတ္တိကျမ်း 21:6ယေဇကျေလအနာဂတ္တိကျမ်း 21ယေဇကျေလအနာဂတ္တိကျမ်း 21:8 →