ယေဇကျေလအနာဂတ္တိကျမ်း 24:16
အချင်းလူသား၊ သင်ကြည့်ရှုလိုဘွယ်သော သူကိုငါသည် ဒဏ်ခတ်၍ ပယ်ရှားမည်။ သို့ရာတွင်၊ သင်သည် ငိုကြွေးမြည်တမ်းခြင်းကို မပြုရ။ မျက်ရည် မကျရ။
1835 Judson Burmese Bible
In The King James Version
In Context
15တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
Read all of ယေဇကျေလအနာဂတ္တိကျမ်း 24
Cross References
Leviticus 21:4အမျိုးသားချင်း သူကြီးအတွက်၊ ကိုယ်ကိုကိုယ်ရှုတ်ချ၍ ညစ်ညူးခြင်းမရှိရ။
Proverbs 5:19သူသည်စုံမက်တတ်သော သမင်မ၊ နှစ်လိုဘွယ် သော ဒရယ်မကဲ့သို့ဖြစ်၍၊ သူ၏သားမြတ်တို့သည် သင်၏အလိုဆန္ဒကို အစဉ်ပြေစေ၍၊ သူ့ကိုချစ်သော စိတ်နှင့် အစဉ်ယစ်မူးလျက်နေလော့။
Jeremiah 9:1ငါ၏လူမျိုး သတို့သမီးနှင့်ဆိုင်သော အသေ ကောင်များအတွက်၊ ငါသည်နေ့ညဉ့်မပြတ် ငိုရမည် အကြောင်း၊ ငါ့ဦးခေါင်းသည် ရေသက်သက်၊ ငါ့မျက်စိတို့ သည် မျက်ရည်ထွက်သော စမ်းဖြစ်ပါစေသော။
Jeremiah 13:17သင်တို့သည် နားမထောင်ဘဲနေလျှင် မူကား၊ သင်တို့ မာနကြောင့်၊ ငါ့စိတ်ဝိညာဉ်သည် မထင်ရှားသော အရပ်၌ ငိုကြွေးမည်။ ထာဝရဘုရား၏ သိုးစုကို သိမ်း သွားသောကြောင့်၊ ငါ့မျက်စိလည်း အလွန် ငို၍ မျက်ရည် ကျမည်။
Jeremiah 22:10သေသောသူအတွက် ငိုကြွေးမြည်တမ်းခြင်းကို မပြုကြနှင့်။ အခြားတပါးသို့ သွားသောသူအတွက် ငိုကြွေး ခြင်းကို ပြုကြလော့။ သူသည် နောက်တဖန်ပြန်၍မလာရ။ မိမိမွေးဘွားရာဌာနကို မမြင်ရ။
Lamentations 2:18သူတို့သည်စိတ်နှလုံးထဲက ထာဝရဘုရားကို အော်ဟစ်ကြ၏။ အိုဇိအုန်သတို့သမီး၏မြို့ရိုး၊ သင်၏ မျက်ရည်သည် မြစ်ရေစီးသကဲ့သို့ နေ့ညဉ့်မပြတ်စီးစေ လော့။ ကိုယ်ကိုမငြိမ်းစေနှင့်။ သင်၏မျက်ဆန်ကိုလည်း မငြိမ်းစေနှင့်။